ပန်းပိတောက်တွေ
မ....က တော့တဲ့သင်္ကြန်
မ....က တော့တဲ့သင်္ကြန်
ရွှေပိတောက်တွေလဲ
အကြိုမထောက်တော့ဘူး....မောင
နွေရာသီဦးစ မိုးပြေးကလေးခမှ
အဖူးသက်တို့သွင်း ခပ်သင်းသင်းကလေးမွှေး သူကလေးလဲလှချင်ရှာသေးတယ်လေ.
တူးပို့ တူးပို့ ဒိုးဆစ်ကလေးနဲ့ မြနန္ဒာသီချင်းသံကြောင့်
စိိတ်တပါးက တခါရံဆီသွားမိ ကျုံးရှေ့နဘေး ရေစိုအေးထဲ ငွေငန်းနဲ့အတူ ပျော်ခဲ့ဘူးတဲ့ဆီကိုပေါ့...
ပျောက်ပျက်သွားတဲ့အတိတ်ဒဏ်ရ
သွေးတိတ်တာပဲ ရှိပါသေးတယ်
တိုက်ဆိုင်လေတိုင်း မျက်ရည်ဝိုင်းတာ
မောင်.....မှ မသိ တော့တာပဲလေ......
ဒီနှစ်သင်္ကြန် မိုးဝဿန်က ပုန်းလို့ ပိတောက်ဖူးတွေငိုသလို
မေလဲလေ....ချစ်သူ မုန်းလို့
နှလုံးသားထဲမှာ ငိုနေပါရဲ့......
ပန်းပိတောက်တွေ
မ..ကတော့တဲ့ သင်္ကြန်ပါ.....မောင်။
ရွှေပန်းချီ
You, Ko Mg Myint, တိမ် မင်းသား, Htay Lwin and 524 others like this.
No comments:
Post a Comment