ခါနွေလေပြန် ၊ ရွှေဂိမှာန်ဝယ်
ဆူထန်ခက်ပွေ့ ၊ ပူလျှံငွေ့ကို
မထင်သဘော ၊ မနှမြော၏သို့
ပွင့်ပျိုသည့်ပင် ၊ လှလွန်းရှင်လို
မြေနှင့်တရံ ၊ မဆက်ဆံကား
ပန်းပျံထွဋ်ချာ ၊ သူ့ပွင့်လွှာသည်
ခက်စွာဝေသီ ၊ မြင့်ပင်ဆီဝယ်
ယိမ်းနွဲ့တဖြာ ၊ သူ့မူယာမှာ
သဏ္ဍန်ရွှေတူ ၊ သိင်္ဂိသူလို
ဝင်းဝါဆင်းရှင် ၊ ကြင်စချင့်ဖွယ်
မြင်တင့်တယ်သား ၊ ခြယ်လှယ်ထားရနံ့
မွှေးသည်ပျံ့ပျံ့ ၊ တုလွတ်စံ့ပြိုင်ကင်း
ကြိုင်သင်းဖိမ့်ဖိမ့် ၊ တစိမ့်စိမ့်ပင်တည့်
ဖူးပွင့်ညီသား ၊ ပန်းထိမ်များငို
သင့်နဂိုသည်
အို..ဘယ့်သခင်...ငုရွှေစင်။
ရောင်ဝါမဟာ ၊ သာသနာမှာ
ဖြာဖြာဝေစီ ၊ တူလေပြီကြောင့်
အညီတမျှ ၊ ပန်းမြတ်သနှင့်
တည်ကြည်နှလုံး ၊ မနောသုံးကာ
စိတ်လှဖြူဖြူ ၊ လေ့ကျင့်မူကျင့်မြတ်
ကျင့်တတ်သသူ၊ ဆင်ပန်ယူသင့်
အလွန်တင့်တယ် ၊ ကြည်ညိုဖွယ်သား
အရှင်များလို ၊အကျင့်ချိုသည်
အို..ဘယ့်တော်ဝင်....သာသနာရှင်။
ငုရွှေစင်ပန်း ၊ ကန္တာလမ်းမှာ
အားသွန်ပွင့်ပွင့် ၊ မိုးမဆင့်လည်း
ချိန်ခါရာသီ၊ သစ္စာတည်သို့
ဗုဒ္ဓတရားစည် ၊ ဖိန်ဖိန်ညီသွန်း
မိုးလုံးဟိန်းလှ ၊ သောင်းသောင်းဖြအောင်
ဆင့်ကမ်းထမ်းရွက်
ဝင့်လျှမ်းတက်သလို၊ သဒ္ဓါပိုသည်
အို...ဘယ့်....အရှင်နှင့် ငုရွှေစင်။
ရွှေပန်းချီ
ရွှေဒီအရင်က ဧကပိုဒ်လေးတွေ သုံးပုဒ်လောက် စမ်းရေးပါတယ်။ ဒီတခါတော့ ပိုက်စုံလေး စမ်းရေးကြည့်ပါတယ်နော်။ လိုအပ်သည်များရှိပါက ခွင့်လွတ်နားလည်ပေးပါ ဆရာတို့ရှင့်။
အစဉ်လေးစားလျက်ပါ။
ဆူထန်ခက်ပွေ့ ၊ ပူလျှံငွေ့ကို
မထင်သဘော ၊ မနှမြော၏သို့
ပွင့်ပျိုသည့်ပင် ၊ လှလွန်းရှင်လို
မြေနှင့်တရံ ၊ မဆက်ဆံကား
ပန်းပျံထွဋ်ချာ ၊ သူ့ပွင့်လွှာသည်
ခက်စွာဝေသီ ၊ မြင့်ပင်ဆီဝယ်
ယိမ်းနွဲ့တဖြာ ၊ သူ့မူယာမှာ
သဏ္ဍန်ရွှေတူ ၊ သိင်္ဂိသူလို
ဝင်းဝါဆင်းရှင် ၊ ကြင်စချင့်ဖွယ်
မြင်တင့်တယ်သား ၊ ခြယ်လှယ်ထားရနံ့
မွှေးသည်ပျံ့ပျံ့ ၊ တုလွတ်စံ့ပြိုင်ကင်း
ကြိုင်သင်းဖိမ့်ဖိမ့် ၊ တစိမ့်စိမ့်ပင်တည့်
ဖူးပွင့်ညီသား ၊ ပန်းထိမ်များငို
သင့်နဂိုသည်
အို..ဘယ့်သခင်...ငုရွှေစင်။
ရောင်ဝါမဟာ ၊ သာသနာမှာ
ဖြာဖြာဝေစီ ၊ တူလေပြီကြောင့်
အညီတမျှ ၊ ပန်းမြတ်သနှင့်
တည်ကြည်နှလုံး ၊ မနောသုံးကာ
စိတ်လှဖြူဖြူ ၊ လေ့ကျင့်မူကျင့်မြတ်
ကျင့်တတ်သသူ၊ ဆင်ပန်ယူသင့်
အလွန်တင့်တယ် ၊ ကြည်ညိုဖွယ်သား
အရှင်များလို ၊အကျင့်ချိုသည်
အို..ဘယ့်တော်ဝင်....သာသနာရှင်။
ငုရွှေစင်ပန်း ၊ ကန္တာလမ်းမှာ
အားသွန်ပွင့်ပွင့် ၊ မိုးမဆင့်လည်း
ချိန်ခါရာသီ၊ သစ္စာတည်သို့
ဗုဒ္ဓတရားစည် ၊ ဖိန်ဖိန်ညီသွန်း
မိုးလုံးဟိန်းလှ ၊ သောင်းသောင်းဖြအောင်
ဆင့်ကမ်းထမ်းရွက်
ဝင့်လျှမ်းတက်သလို၊ သဒ္ဓါပိုသည်
အို...ဘယ့်....အရှင်နှင့် ငုရွှေစင်။
ရွှေပန်းချီ
ရွှေဒီအရင်က ဧကပိုဒ်လေးတွေ သုံးပုဒ်လောက် စမ်းရေးပါတယ်။ ဒီတခါတော့ ပိုက်စုံလေး စမ်းရေးကြည့်ပါတယ်နော်။ လိုအပ်သည်များရှိပါက ခွင့်လွတ်နားလည်ပေးပါ ဆရာတို့ရှင့်။
အစဉ်လေးစားလျက်ပါ။
- , မိုးသောက်, Ko Mg Myint, KP Aung and 397 others like this.
No comments:
Post a Comment