ရာဇဌာနီ မန်းမြို့ဆီသို့
ရွှေတို့မြို့မန်း ၊ သရေဆန်းစွာ
သာမျိုးငယ်ကြွယ် ၊ ဂုဏ်ထယ်ဝါလှ
တံတိုင်းနီကြန် ၊ ကျုံးကာရန်
တခါဆီက၊ အာဏာသီရုီး
ပြည်ပိုင်ထီးမိုး၊ မျိုးတန်ခိုးနဲ့
ဘုံဆောင်ရွှေနန်း၊ ခိုကြငှာန်း
တန်ဆောင်းရယ်ငယ် ၊ အသွယ်သွယ် မို့
အသက်ကယ်ရှည် ၊ မိတ်အဆွေတို့
မြို့မန္တလာ ပြည်ရွှေနန်းကိုလ
လှမ်းပါလှဲ့လေး။
တောင်ပြင်မြောက်ပြင် ၊ အနောက်ပြင် နဲ့
ရှေ့ပြင်လေးရပ် ၊ ထွေထွေခပ် ခေါ်ထား
ဤလေးပါးတွင် ၊ သံဃာစင် များ
တည်ရှိကိုးထား ၊ မင်းတုန်း(ဘုရား)၏
ဘေးကင်းစေသား ၊ စီမံများနဲ့
သာသနာအား ဦးတည်ထားသမို့
ဖူးပါရသေး။
No comments:
Post a Comment