နှလုံးသားကြယ်စင်..အလင်းတန်း
သူငယ်ချင်းရေ....
နှလုံးသားလှတဲ့ ကြယ်စင်လေးတွေ
တဖြုတ်ဖြုတ်ကြွေဆင်း
သူ့အလင်းတန်း ပါမြဲပါလျက်ပေါ့..
ဟိုး...အဝေးမျဉ်းကွေးရောင်စုံ
သက်တံဆိုတဲ့ အောင်မြင်မှုအပြန်လမ်း
နောက်ဆုံး ခရီးမှာ
နှလုံးသားလှ ကြယ်စင်တွေ
ဘယ်လောက် ကောက်သင်းကောက်ရအုံးမလဲ..
ဒါပေမယ့်လေ...
မေတ္တာတရား စေတနာကောင်းကင်က
ကြယ်စင်တွေ တဖြုတ်ဖြုတ်ကြွေစေမမှု
တိုးတိုးသာ ထပ်ထပ်လင်းနေတဲ့
နှလုံးသားလှသူတို့အတွက်
လူထုရင်ခုန်သံဖောက်ခွင်း
ထွန်းလင်းတောက်ပ....ထာဝရပါ
သူငယ်ချင်း။ ။
ရွှေပန်းချီ
နှလုံးသားလှတဲ့ ကြယ်စင်လေးတွေ
တဖြုတ်ဖြုတ်ကြွေဆင်း
သူ့အလင်းတန်း ပါမြဲပါလျက်ပေါ့..
ဟိုး...အဝေးမျဉ်းကွေးရောင်စ
သက်တံဆိုတဲ့ အောင်မြင်မှုအပြန်လမ်း
နောက်ဆုံး ခရီးမှာ
နှလုံးသားလှ ကြယ်စင်တွေ
ဘယ်လောက် ကောက်သင်းကောက်ရအုံးမလဲ..
ဒါပေမယ့်လေ...
မေတ္တာတရား စေတနာကောင်းကင်က
ကြယ်စင်တွေ တဖြုတ်ဖြုတ်ကြွေစေမမှု
တိုးတိုးသာ ထပ်ထပ်လင်းနေတဲ့
နှလုံးသားလှသူတို့အတွက်
လူထုရင်ခုန်သံဖောက်ခွင်း
ထွန်းလင်းတောက်ပ....ထာဝရပါ
သူငယ်ချင်း။ ။
ရွှေပန်းချီ
- အချစ် လုလင်, သမိုင်း သစ်, S Man Statesman and 327 others like this.
No comments:
Post a Comment