Sunday, March 8, 2015

နှလုံးသားကြယ်စင်..အလင်းတန်း no186


နှလုံးသားကြယ်စင်..အလင်းတန်

 
 
 
 
 
 
 
 
 
 
သူငယ်ချင်းရေ....
နှလုံးသားလှတဲ့ ကြယ်စင်လေးတွေ
တဖြုတ်ဖြုတ်ကြွေဆင်း
သူ့အလင်းတန်း ပါမြဲပါလျက်ပေါ့..

ဟိုး...အဝေးမျဉ်းကွေးရောင်စုံ
သက်တံဆိုတဲ့ အောင်မြင်မှုအပြန်လမ်း
နောက်ဆုံး ခရီးမှာ
နှလုံးသားလှ ကြယ်စင်တွေ
ဘယ်လောက် ကောက်သင်းကောက်ရအုံးမလဲ..

ဒါပေမယ့်လေ...
မေတ္တာတရား စေတနာကောင်းကင်က
ကြယ်စင်တွေ တဖြုတ်ဖြုတ်ကြွေစေမမှု
တိုးတိုးသာ ထပ်ထပ်လင်းနေတဲ့
နှလုံးသားလှသူတို့အတွက်
လူထုရင်ခုန်သံဖောက်ခွင်း
ထွန်းလင်းတောက်ပ....ထာဝရပါ
သူငယ်ချင်း။ ။
ရွှေပန်းချီ

No comments:

Post a Comment