2016 နွေ(4)
အဝေးက နွေဧည့်ခန်းလေး
နှောင်းအတိတ် တို့
ပြောင်း ဖို့ ခက်ဆဲ
ကြေ ကွဲ လွမ်း စိတ်
သိုသိပ် နက်နဲ
ရင်ထဲ ခိုအိပ်
တိတ်ဆိတ် နေမြဲ
စဉ်ပဲ တမ်းတ
နွမ်းလျ သဲမို့
နှစ်ချို့ အလွမ်း
နွေခန်းထဲပွေ
လွမ်းစေသူရေ
နွေ လေ မိုး ဆောင်း
(ရာသီ)ပြောင်း လည်း
ရင်ထဲ ခုန်တုန်း
ဇတ်ဆုံး မကသေး
အဝေး အဝေးက လွမ်းနေတယ်။
ရွှေပန်းချီ(Mdy)
ဲ
Tuesday, February 23, 2016
နွေနေရင့်ရင့် 2016
့ 2016နွေ(3)
နွေနေရင့်ရင့်
နွေနေရင့်
ဝင့်ပျံ့လှုံ
ခုန်လှိုက်မော
(ဥသြ ) သြ သံချို
ပျိုလက်ပံ
(ဝတ်ဆံ) ဆံနီရော
နှောပေါက်ပွင့်
ပင့်တိုက်ရမ်း
နမ်းသည့်လေ
ကြွေစေသုန်း
အုန်းထစေ
မြေနီတော
သောသောဆင့်
့ ရင့်နွေနေ မမှုပေ။
ရွှေပန်းချီ(Mdy)
ကဗျာပုံစံ ဝဲရိုက်ဝဲသွင်းလေး
နွေနေရင့်ရင့်
နွေနေရင့်
ဝင့်ပျံ့လှုံ
ခုန်လှိုက်မော
(ဥသြ ) သြ သံချို
ပျိုလက်ပံ
(ဝတ်ဆံ) ဆံနီရော
နှောပေါက်ပွင့်
ပင့်တိုက်ရမ်း
နမ်းသည့်လေ
ကြွေစေသုန်း
အုန်းထစေ
မြေနီတော
သောသောဆင့်
့ ရင့်နွေနေ မမှုပေ။
ရွှေပန်းချီ(Mdy)
ကဗျာပုံစံ ဝဲရိုက်ဝဲသွင်းလေး
သတိတရ နွေ 2016 (2)
2016နွေ(2)
သတိတရ. . . နွေ
နွေစခန်းဝင်
အကြွေပန်းပင်အောက်တခေါက်။
ဝေးနယ်တဆွေသို့
လွမ်းဖွယ်စေ ရာသီကူသမို့
(အော် ကွယ်)
ချစ်ပူမိသူ တယောက်။
ရွှေပန်းချီ(Mdy)
သတိတရ. . . နွေ
နွေစခန်းဝင်
အကြွေပန်းပင်အောက်တခေါက်။
ဝေးနယ်တဆွေသို့
လွမ်းဖွယ်စေ ရာသီကူသမို့
(အော် ကွယ်)
ချစ်ပူမိသူ တယောက်။
ရွှေပန်းချီ(Mdy)
ကြွမြန်းတော်မူပါ့ နွေသခင် 2016 နွေ ၁
2016 နွေ(1)
ကြွမြန်းတော်မူပါ့ နွေသခင်
ရွှန်းတင့်ကြည်လင် လန်းလန်းရွှင်သည်
သခင့်မျက်နှာ ပြုံးဝင့်ဝါလျှင်
ဖန်ဝါ နေခြည်သွင်းသို့လေး. . .
ပြစ်မြူမထင် ကျွမ်းတဝင်သည်
သခင့်စကား နှုတ်သံကြားလျှင်
နွေတမြူ ရေကူ ဆင်းတယ်လေး. . .
်
နွေမွတ်ကြည်စင် အလှဘုရင်ရယ်
မေတ္တာညွှန့်ညွန့်
လျှမ်းလျှမ်းကွန့်လျက်
အပါးတော်မြဲ
လက်စွဲသံခေါ် နွေတဖော်နဲ့
ဥသြစေတမာန် အသာခြံလို့
ကြွလှမ်းခဲ့ပါ
နွေဦးသခင် မှုးထွဋ်တင် ရယ်ကွဲ့လေး .။
်
ကံကြီးသူရဲ့ အပြုံးလေး
ကံကြီးသူ
ဘဝအရေး၊ ကံကပေးယူ
ကလေးသူငယ်၊ အဆိုးရယ်မသိ
လွတ်လပ်ပျော်ပွဲ၊ အားရနွဲသည်
ရောင့်ရဲတင်းတိမ်ပါတကား။
ကံကြီးသူ
လောကမီးလျှံ၊ အောင်ပွဲခံလျက်
ဝါးမြိုတိုက်မော၊ တသောသောနှင့်
ဆောဆောလျင်လျင်၊ အကုန်စင်မို့
မြင်သူစိတ်ထိ၊ ခံစားမိသည်
မချိတင်ကဲ ပါတကား။
ကံကြီးသူ
အမြင်ရုပ်ပျက်၊ မီးလောင်ထက်က
မြူးထူးရွှင်ခိုက်၊ အပြုံးတရှိုက်ရယ်
အပြစ်ကင်းဝေး၊ မင်းအဖြစ်လေးကို
ဂရုဏာတဖက်၊ ရင်နင့်ခက်၍
နောက်ဘဝထိုထို၊ မဖြစ်စေလိုသည်
သည်းထဲကျွမ်းလောင်ပါတကား။
ရွှေပန်းချီ(Mdy)
အဖေမွေးနေ့
ကျမ အဖေ မွေးနေ့က ဖေဖေါ်ဝါရီလ ၁၃ ၇က်ပါ
ဟုတ်ပါတယ်. . .
ကျမ အဖေက ကျမရဲ့ကိုယ်ခန္ဓာထဲစီးဆင်းနေတဲ့
သွေးသားအရင်းတော့မဟုတ်ဘူး......
အဖေက ကျမ လမ်းရှောက်တတ်စမှာ
လက်တွဲခေါ်ယူ လျှောက်စေသူလဲမဟုတ်ပါဘူး.....
အဖေက ကျမ ကျောင်းနေစ အရွယ်
ကျောင်းမှာငိုနေမယ်လို့ စိတ်ပူပေးသူလဲမဟုတ်ပါဘူး......
အဖေက ကျမ ဆယ်တန်းအောင်တော့လဲ
ကျနော့်သမီးလေလို့ ဂုဏ်ယူစွာပြုံးနေသူလဲ မဟုတ်ပါဘူး......
အဖေက ကျမကို ဘယ်လိုနေထိုင်ပါလို့
စေ့စေ့စောင့်ကြည့်ပြောနေခဲ့သူမဟုတ်ဘူး...........
ကျမအဖေက ကျမကိုအသိဥာဏ်ပညာ အတွက် သဘာဝပတ်ဝန်းကျင်
သမိုင်း ဘာသာရေးတွေမှာ ဘာစာအုပ်တွေ ဖတ်ပါလို့ လမ်းညွန်ခဲ့သူလဲမဟုတ်ပါဘူး....
ကျမ ပတ်ဝန်းကျင်နဲ့ လိုက်လျောစွာ မရှိလို့အားငယ်စိတ်ပျက် ၀မ်းနည်း တဲ့အခါ ရည်မှန်းချက်ပျောက်တဲ့အခါ
ကျမ လက်ကို ကိုင်လို့ သမီး ဘာလို့အားလျော့မှာလဲ လို့ အားပေးနေသူလဲမဟုတ်ပါဘူး...
အဖေက ကျမ အလုပ်စ၀င်တဲ့လမှာ လကုန်ရက်ထုတ် လခလေးနဲ့
ကန်တော့တဲ့အခါ ပါဝင်ခဲ့သူလည်း မဟုတ်ပါဘူး......
ဒါပေမယ့်..
ကျမ အဖေရဲ့ သွေးသားတွေဲကျမနှလုံးသားမှာမှော်တခုလို အမြဲ စီးဆင်းနေချင်ပါတယ်....
အဖေရဲ့......
မျိုးချစ်စိတ်တွေ တည်ကြည်မှုတွေ
စွမ်းရည်ထက်မြက်မှုတွေ
အမြော်အမြင်ကြီးမြတ်မှုတွေ
စီးပွားရေးအမြင်ရှိမှုတွေ
ဦးတည်ချက်မှန်မှုတွေ
တာဝန်ယူလိုမှုတွေ
ပွင့်လင်း ရိုးရှင်းစွာ နေလိုမှု
နောက်...
နှလုံးသားဖြူစင်မှု
နားလည်ခံစားပေးမှုတွေ
နုညံ့ကြင်နာတတ်မှုတွေ
မျှဝေခံစားကူညီ မှုတွေ
ဒါတွေအပြင်
ကျမ အဖေ့ကို ဂုဏ်အယူဆုံး အချစ်မြတ်နိုးဆုံးသောအချက်ကလေးက
လိပ်ပြာသန့်စွာ နေထိုင်ခြင်း ပါပဲ..ရှင်
ကျမရဲ့ အနှိုင်းမဲ့အဖေ့မွေးနေ့မှာ ကုသိုလ်ကောင်းမှုပြုရင်း ဆုတောင်းမိပါတယ်
နောင်ဘ၀ မှာ အဖေရှိသော နိုင်ငံ
အဖေချစ်သော လူသားမျိုးနွယ်စု
အဖေနေသော အိမ်
အဖေချစ်သော သမီး
အဖေပျိုးသော ပန်းမျိုး
ဖြစ်ပါရစေလို့......။
ရွှေပန်းချီ(Mdy)
PS (1), ဗိုလ်ချုပ်၏ လိပ်ပြာသန့်ရခြင်း အကြောင်း ဆရာနေစိုးထက်ရေး သော နယ်ချဲ့ကို အလဲထိုးသူစာအုပ်
စာ-132 ,142် မိမိသည် မည်သည့် အခါမှမတရားမလုပ်။မည်သည့်စွတ်စွဲမှု ကိုမျှမကြောက်။ ကျွန်ပ်၏လိပ်ပြာမှာ
အမြဲသန့်ရှင်းလျက်""""
PS(2) ရွှေပန်းချီ ဒီကဗျာလေးကို ရွှေဖေဖေအရင်းကိုပြပြီးရေးတင်ခဲ့တာပါ။ ဖေဖေ ပြုံးရင်းကျေနပ်ပါတယ်တဲ့ :) :)
ဟုတ်ပါတယ်. . .
ကျမ အဖေက ကျမရဲ့ကိုယ်ခန္ဓာထဲစီးဆင်းနေတဲ့
သွေးသားအရင်းတော့မဟုတ်ဘူး......
အဖေက ကျမ လမ်းရှောက်တတ်စမှာ
လက်တွဲခေါ်ယူ လျှောက်စေသူလဲမဟုတ်ပါဘူး.....
အဖေက ကျမ ကျောင်းနေစ အရွယ်
ကျောင်းမှာငိုနေမယ်လို့ စိတ်ပူပေးသူလဲမဟုတ်ပါဘူး......
အဖေက ကျမ ဆယ်တန်းအောင်တော့လဲ
ကျနော့်သမီးလေလို့ ဂုဏ်ယူစွာပြုံးနေသူလဲ မဟုတ်ပါဘူး......
အဖေက ကျမကို ဘယ်လိုနေထိုင်ပါလို့
စေ့စေ့စောင့်ကြည့်ပြောနေခဲ့သူမဟုတ်ဘူး...........
ကျမအဖေက ကျမကိုအသိဥာဏ်ပညာ အတွက် သဘာဝပတ်ဝန်းကျင်
သမိုင်း ဘာသာရေးတွေမှာ ဘာစာအုပ်တွေ ဖတ်ပါလို့ လမ်းညွန်ခဲ့သူလဲမဟုတ်ပါဘူး....
ကျမ ပတ်ဝန်းကျင်နဲ့ လိုက်လျောစွာ မရှိလို့အားငယ်စိတ်ပျက် ၀မ်းနည်း တဲ့အခါ ရည်မှန်းချက်ပျောက်တဲ့အခါ
ကျမ လက်ကို ကိုင်လို့ သမီး ဘာလို့အားလျော့မှာလဲ လို့ အားပေးနေသူလဲမဟုတ်ပါဘူး...
အဖေက ကျမ အလုပ်စ၀င်တဲ့လမှာ လကုန်ရက်ထုတ် လခလေးနဲ့
ကန်တော့တဲ့အခါ ပါဝင်ခဲ့သူလည်း မဟုတ်ပါဘူး......
ဒါပေမယ့်..
ကျမ အဖေရဲ့ သွေးသားတွေဲကျမနှလုံးသားမှာမှော်တခုလို အမြဲ စီးဆင်းနေချင်ပါတယ်....
အဖေရဲ့......
မျိုးချစ်စိတ်တွေ တည်ကြည်မှုတွေ
စွမ်းရည်ထက်မြက်မှုတွေ
အမြော်အမြင်ကြီးမြတ်မှုတွေ
စီးပွားရေးအမြင်ရှိမှုတွေ
ဦးတည်ချက်မှန်မှုတွေ
တာဝန်ယူလိုမှုတွေ
ပွင့်လင်း ရိုးရှင်းစွာ နေလိုမှု
နောက်...
နှလုံးသားဖြူစင်မှု
နားလည်ခံစားပေးမှုတွေ
နုညံ့ကြင်နာတတ်မှုတွေ
မျှဝေခံစားကူညီ မှုတွေ
ဒါတွေအပြင်
ကျမ အဖေ့ကို ဂုဏ်အယူဆုံး အချစ်မြတ်နိုးဆုံးသောအချက်ကလေးက
လိပ်ပြာသန့်စွာ နေထိုင်ခြင်း ပါပဲ..ရှင်
ကျမရဲ့ အနှိုင်းမဲ့အဖေ့မွေးနေ့မှာ ကုသိုလ်ကောင်းမှုပြုရင်း ဆုတောင်းမိပါတယ်
နောင်ဘ၀ မှာ အဖေရှိသော နိုင်ငံ
အဖေချစ်သော လူသားမျိုးနွယ်စု
အဖေနေသော အိမ်
အဖေချစ်သော သမီး
အဖေပျိုးသော ပန်းမျိုး
ဖြစ်ပါရစေလို့......။
ရွှေပန်းချီ(Mdy)
PS (1), ဗိုလ်ချုပ်၏ လိပ်ပြာသန့်ရခြင်း အကြောင်း ဆရာနေစိုးထက်ရေး သော နယ်ချဲ့ကို အလဲထိုးသူစာအုပ်
စာ-132 ,142် မိမိသည် မည်သည့် အခါမှမတရားမလုပ်။မည်သည့်စွတ်စွဲမှု ကိုမျှမကြောက်။ ကျွန်ပ်၏လိပ်ပြာမှာ
အမြဲသန့်ရှင်းလျက်""""
PS(2) ရွှေပန်းချီ ဒီကဗျာလေးကို ရွှေဖေဖေအရင်းကိုပြပြီးရေးတင်ခဲ့တာပါ။ ဖေဖေ ပြုံးရင်းကျေနပ်ပါတယ်တဲ့ :) :)
Thursday, February 4, 2016
နှင်းဆီဖြူ ရဲ့ သမင်လည်ပြန်အလွမ်း
နှင်းဆီဖြူ
ရဲ့
သမင်လည်ပြန်အလွမ်း
ထားခဲ့သူက ပြောဖူးတယ်
"အချိန်တိုင်းကို သတိရတယ်" ချိုသာစကား ရင်နားတိုးဝှေ့
လွမ်းစိတ်ဖြေပေး အနေဝေးလည်း ပျော်အောင်ပြောတတ်ခဲ့ပါတယ်
"နေကောင်းရဲ့လား စိတ်ပူနေတယ်"
ကြင်နာစကား အမြဲမနား
ဖုန်းကလေး မအားအောင် အကဲဆောင်လို့
ဘေးလူကြားတောင်ပြုံးလောက်တယ်
"နေရာတိုင်းမှာ မင်းမျက်နှာတဲ့"
ရာထောင်သိန်း ဂဏန်း အလှပန်းတွေ
ဘယ်လောက်လန်းလန်း သူမနမ်းဘူး
စွဲလမ်းစူးနစ် သိပ်ချစ်သတဲ့
ယုံကြည်အောင်လဲ ပြောဖူးတယ်
ထိုအတွက်ပင်
ထားခဲ့ရက်လည်း အသဲကွဲပါစေ
အံခဲဖြေခိုက် တိတ်တိတ်ရှိုက်ငို
မျက်ရည်စိုလူး သည်အဖြစ်ရူးကို
မြင်စေချင်ပါဘူး ချစ်သခင်. .
သံယောဇဉ်ကြိုး တိုးပြီးရစ်နွယ်
အချစ်နယ်မှာ ကာလမကြာ
ရယ်သံဆိတ်သုန်း ချစ်သူမုန်းလည်း
အပြုံးချိုကြည် ရင်မှာတည်ဆဲ
စွဲမြဲ အစဉ်
နှင်းဆီဖြူ ကျမ. . . .
လွမ်းတယ်. . . .ရှင်။
ရွှေပန်းချီ(Mdy)
ရဲ့
သမင်လည်ပြန်အလွမ်း
ထားခဲ့သူက ပြောဖူးတယ်
"အချိန်တိုင်းကို သတိရတယ်" ချိုသာစကား ရင်နားတိုးဝှေ့
လွမ်းစိတ်ဖြေပေး အနေဝေးလည်း ပျော်အောင်ပြောတတ်ခဲ့ပါတယ်
"နေကောင်းရဲ့လား စိတ်ပူနေတယ်"
ကြင်နာစကား အမြဲမနား
ဖုန်းကလေး မအားအောင် အကဲဆောင်လို့
ဘေးလူကြားတောင်ပြုံးလောက်တယ်
"နေရာတိုင်းမှာ မင်းမျက်နှာတဲ့"
ရာထောင်သိန်း ဂဏန်း အလှပန်းတွေ
ဘယ်လောက်လန်းလန်း သူမနမ်းဘူး
စွဲလမ်းစူးနစ် သိပ်ချစ်သတဲ့
ယုံကြည်အောင်လဲ ပြောဖူးတယ်
ထိုအတွက်ပင်
ထားခဲ့ရက်လည်း အသဲကွဲပါစေ
အံခဲဖြေခိုက် တိတ်တိတ်ရှိုက်ငို
မျက်ရည်စိုလူး သည်အဖြစ်ရူးကို
မြင်စေချင်ပါဘူး ချစ်သခင်. .
သံယောဇဉ်ကြိုး တိုးပြီးရစ်နွယ်
အချစ်နယ်မှာ ကာလမကြာ
ရယ်သံဆိတ်သုန်း ချစ်သူမုန်းလည်း
အပြုံးချိုကြည် ရင်မှာတည်ဆဲ
စွဲမြဲ အစဉ်
နှင်းဆီဖြူ ကျမ. . . .
လွမ်းတယ်. . . .ရှင်။
ရွှေပန်းချီ(Mdy)
Tuesday, February 2, 2016
အဆိပ်ခွက်ထဲက ပျားရည်တစက်
အဆိတ်ခွက်ထဲက. . ပျားရည်တစက်
အချစ် တစ်ခုရဲ့ ဈေးပေါင်ကျိုးချိန်မှာ
နာကျင်စရာ သောကမှန်သမျှကို
သိမ်းကျုံးကာဈေးမဆစ်ပဲ ဝယ်မိတယ်
မတန်မရာပြန်အမ်းတဲ့ နောင်တတရား
အပိုထားတဲ့ မျက်ရည်နဲ့ကြေကွဲမှု ဝဋ်ကြွေးတခုလို ရလိုက်တယ်
ဘဝအသိနဲ့ ဆုံးဖြတ်ချက်ကတခြား
နှလုံးသားကို မင်းမူတာကတဆူ
အမိန့်အာဏာက တစ်သားထည်းမဖြစ်
် စွဲလန်းရစ်မှုက လက်လွတ်စပယ်ဖြစ်နေတယ်. . .
သိက္ခာတင်နေတဲ့နှလုံးသား
ဒဏ်ရာတွေနဲ့ပြည့်သိပ်
လူခြေတိတ်ချိန်ကျမှ ကြိတ်အလွမ်းနဲ့
တီးတိုးတမ်းတခဲ့ရတာလဲ ညဉ့်ကဗျာတပုဒ်ပါပဲ. . . .
ကျန်ရစ်တော့မဲ့အချိန်ခရီး
ကြိုးပြတ်စွန်လို
ထည်းထည်းလေးလွှင့်ဝဲ
မခေါ်ပဲလာခဲ့တဲ့ ငါရဲ့အဆွေးအိမ်ထဲ
လောင်စာမီးတွေပြည့်သိပ်
နာကျင်မှုတွေ ယိုဖိတ်လို့ပေါ့. . . .
ချစ်သူရေ. . .
ငါ့တို့ နှစ်ယောက် ဆေးသောက်မှားခဲ့တယ်. . . နော်။ .
ရွှေပန်းချီ(Mdy)
ရွှေပန်းချီ ကျောင်းတက်တုန်းက တစွန်းတစ်စလေးသိမ်းမိထားတဲ့ ကဗျာစာသားလေးကိုပြန်ခံစားထပ်မံရေးဖွဲ့ခြင်းဖြစ်ပါတယ်ရှင်
Monday, February 1, 2016
ချစ်ခရီး နီးသလား
ချစ်ခရီး. . . နီးသတဲ့လား
ချစ်မသွေ
ချစ်နေရပ်သို့
ချစ်ကာလေ
ချစ်တွေဆက်ပါလို့
ချစ်အသက်ရယ်နဲ့
ချစ်လှေခတ် ကူးဖို့ရွယ်။
့
ချစ်တက်ညီတူတူကိုင်လို့
ချစ်သံပြိုင်
ချစ်တေးကိုလ
ချစ်ဟန်ပါပါဟစ်ကြွေးကာ
ချစ်နန်းသို့ မြန်းတဲ့လှေငယ်။
ချစ်ရေလှိုင်းမှာလ
ချစ်နှိုင်းမဲ့ယူ
ချစ်ကြင်သူနဲ့
ချစ်ရည်တူ ငြိမ့်ငြိမ့်စီး
ချစ်ခရီးက လှ , ဆန်းကြယ်ပေါ့လေး။
ရွှေပန်းချီ mdy
ရွှေမန်းမေ
ရွှေမန်းမေ
ဟန်မူရာ ယဉ်တနှုံးလို့
့ပြုံးလေပေါ့ ရွှေကညာ
ရှက်နွဲ့ မူယာ။
ရင်တဖြာ ကေသာ ကျော့မှုး။
ကိုယ်အဆင်း ယဉ်ယဉ်နှင့်
ဓလေ့အစဉ် မြန်မာမှန်မို့
ဆန်လှတဲ့ ထူး။
ရွှေပန်းချီ
(Mdy)
ဒီနေ့ကလေးတော့ စိတ်ကလေးတွေပျော်အောင်လို့ ကဗျာလှလှလေး ရေးပေးတယ်နော်
ငွေလမင်းလေး ငိုနေသည်
ငွေလမင်းကလေး ငိုနေသည်
လပြည့်ဝန်းစက်
ရွှန်းရွှန်းလက်လည်း
အမေ ကိုယ့်ရောင်
မမှီနှိုင်
လမင်းတဖြာ
အေးအေးသာသာလည်း
အမေ့ ရင်ထက်
မအေးနိုင်
လရောင်စင်တန်း
နှစ်သက်စမ်းလည်း
အမေ့ အပြုံး
မယှဉ်နိုင်
လမင်းအလင်း
မှောင်စက်ခွင်းလည်း
အမေ မေတ္တာ
မညီနိုင်
လမင်းညွှန်းဖွဲ့
ကဗျာနွဲ့လည်း
အမေ သံစဉ်
မနိုင် နိုင်. . . .မို့
ငွေလမင်းလေး ငိုနေသည်. . . ရှင့်
ရွှေပန်းချီ(Mdy)
ရွှေသူငယ်ချင်းများအတွက် ပြာသိုလပြည့် အမေနေ့အကြို ကဗျာလေးပါ။
အမေဂုဏ်ရည်ဖွဲ့ ကဗျာလေးကို လပြည့်နေ့အမှီရေး နေပါတယ်နော်
Subscribe to:
Posts (Atom)