Wednesday, September 12, 2018
တ..သသ
#တ သသ
ရှင်...မသိနိုင်ပါဘူး.....
....သိလာမှာလဲ မဟုတ်ပါဘူး..မောင်
"ဘယ်တော့မှ မပတ်သက်ကြကြေး".....လို့
နှုတ်ထွက်စကား..ကြားလိုက်ရကထဲက
ကျွန်မ ထာဝရ ကျောခိုင်းထားပြီးသားပါလေ....
ဒါပေမယ့်....
တစ်ခါတရံ မှာ....
တီးသူမရှိတဲ့..တေးတပုဒ်
မေးသူမရှိတဲ့..စကားတခွန်းက
နှလုံးသားကို တွန်းလာရင်......
ယွန်းသွားတဲ့နေမင်းနောက် စိမ်းကားသူကြီးရဲ့
ခြေရာကောက်ဖို့ ထည့်ပေးချင်ပါရဲ့လေ...
မောင်.....
ရှင် ရွေးချယ်လိုက်တဲ့ ဘဝတခုမှာ နေပျော်ပါရဲ့လား..နော်။
ရွှေပန်းချီmdy
Ps..ပုံလေးတွေ့လို့ လက်ငှင်းခံစားရေးခြင်းနော်..😁😁
စောင်ပါလှဲ့...နတ်မိမယ်
#စောင့်ပါလှဲ့..နတ်မိမယ် ရယ်
ပန်းဧကရီ၊ ကခုန်သီသို့
မြရည်စိုစို၊ စိမ်းညိုညွှန့်ခက်
ရွက်လက်ဝေဝေ၊ ညှာခိုင်ခြေလည်း
လေပြေသွေးရာ ယိမ်းနွဲ့ သာတည့်။
ရှုချင့်စဖွယ်၊ ကိုယ်ဟန်သွယ်လျ
နတ်မယ်အလှ၊ သဘာဝလျှင်
လောကတစ်လုံး၊ နုဆေးမှုန်း၍
အပြုံးကမ္ဘာ၊ ဆောက်တည်ရှာသော်....
သည်မှာ...မေတ္တာ
သည်သို့ ...ဂရုဏာ
သည်ဆီ... မုဒိ၊ စိတ်ထားညှိ
"ပွားဗြဟ္မစိုရ်၊ တရားခို" ဖို့
ပွင့်စက်ကျရေ၊ သောက်ထားစေချင်
မွှေးရနံ့ ကြွယ်၊ မိုးသို့ရွယ်
(အဘယ်)..အရုဏ်မှာ ပွင့်မည်တည်း..။
ရွှေပန်းချီmdy
သဘာဝတရား ဆိုတဲ့ နတ်မိမယ်လေးက လူသားကမ္ဘာကို အပြုံးတွေဝေဆာအောင် ဆောက်တည်ချင်လို့ လူသားတွေရဲ့မေတ္တာ၊ဂရုဏာ၊မုဒိတာ ဆိုတဲ့ပန်းပွင့်ကျရေလေးတွေ သောက်သုံးဖို့ လိုအပ်နေလို့တောင်းခံခြင်းပါနော်။ ဤကမ္ဘာမြေ အေးချမ်းပါစေ ရှင့်။
နှလုံးသာ..စိမ့်ရေ
#နှလုံးသားရဲ့ စိမ့်ရေ
အိမ်မက်တွေဖန်ဆင်းတဲ့
ကျွန်းလေးတကျွန်းမှာ.....
ရှင်သန်ခွင့်နဲ့ ရင်ခုန်ပွင့်တွေကို
မျက်ရည်နဲ့သက်သေပြုပြီး.....
အလွမ်းပင်လယ်ထဲ ပစ်ချလိုက်တယ်....
ဒါပေမယ့်..ပဉ္စလက်ရယ်သံလှိုင်းနဲ့အတူ
ငါ့ရဲ့ စိတ်တစ်မျက်နှာကို တိတ်တခိုးလေး
လာ..လာ နိုးနေတုန်းပါပဲ..ချစ်ခဲ့သူရေ...။
ရွှေပန်းချီmdy
မန်းမြို့တော်တခို..အပြောရယ်ဆို
#မန်းရွှေမြို့တော်တခို..
.........အပြောရယ်ဆိုစမ်းပါ့လေး
ရွှေတို့မြို့တော်...ရွှေ့မြိုတော်ရေ
ရွှေတို့မြို့ပင်၊ မထင်အလျင်း
မချစ်ကင်းသူ၊ဤမြေလူလို့
အဘယ်မှာ ရှိအံ့ပေမည်နည်း...ရှင့်။
အရပ်တပါး၊ ရောက်ကာသွားလည်း
မမေ့ထားဘူး၊ရင်တွင်းစူးကာ
မန်းသူမန်းသား၊ အသံကြားရင်
ဆွေသား မွေးမေ တူသို့သာတည်း..။
အခုတော့လေ..
ရွှေတို့မြို့တော်...ရွှေမြို့တော်လေ
မည်ရင်းဂုဏ်နေ၊ ဘွဲ့ကြီးပေ၍
ရွှေငွေပေါလတ်၊ ပြောမတတ်လည်း
အတ္တ အတိ၊ လူ့ဒုက္ခိမှာ
စာရိတ္တ မာန်တိုင်၊ အခြေယိုင်ခဲ့
လုံခြုံမဲ့ကင်း၊ အဖြစ်ခင်းမှာ
နေပါသော်ငြား၊ ဖြေမပြေသား..ရှင့်
ဂုဏ်စပွေရှာ၊ ကဗျာမဖွဲ့
စာမချဲ့ဘဲ၊ နှစ်လုံးသားထဲမှာ
စူးနစ်နာကျင်၊ဖြစ်ရအင်သည်
မရွှင် ရွှေတို့မြို့အကြောင်းတည်း...။
ရွှေပန်းချီ (mdy)
ရွှေမြတ်နိုးသောချစ်ရပါသော မန်းမြေတခွင် သာယာအေးချမ်းစေဖို့ ဆုတောင်းပေးကြပါအုန်းရှင်။
Fb ရောက်ခြင်းပဲ စိတ်မကောင်းသတင်းနဲ့ ကဗျာဖွဲ့ရတာ ခွင့်ပြုပါနော်။
မနက်ဖြန်ကို..ကြိုလိုက်ပါ
#မနက်ဖြန်ကို...ကြိုလိုက်ပါ
ဒီမှာ..ကောင်မလေး
သူများဘဝတွေကို ဝထ္တုလာမရေးနဲ့...
မင်းနေထိုင်မှုဇတ်လမ်း တခန်းမရပ်အောင်ကြိုးစား..
ရိုးသားမှုတိုင်း ဖြူစင်တာမဟုတ်ဘူး...
တစ်နေ့တာမှာ..
ယနေ့အမှား ဘယ်နှစ်ခု
ယနေ့အမှန် ဘယ်နှစ်ခု
ဂရို့ချိုးသလို ရေတွက်..
တစ်နေ့ထက်တစ်နေ့ အမှားမထပ်စေနဲ့ပေါ့
လူတွေပြောသလို..
ကိုယ့်သမိုင်းကိုယ်ရေးတယ် ဆိုပေမယ့်
နှေးချင်နှေးပြီး မြန်ချင်လဲမြန်တတ်တယ်..
ဆပ်ပြာပူဘောင်းလေးအထက်တာ လိုပဲ..
တစ်ခဏနဲ့လဲ ကြေကွဲပျောက်တတ်တယ်..
တကယ်တော့...ဘဝဇတ်ခုံမှာ
ကိုယ်ကသာ သရုပ်ဆောင်ဖြစ်ပြီး
ကံတရားက ဇတ်ဆရာမို့..
ကိုယ်ကသာ ပြောစရာရှိပြီး...
သူကတော့ ပြောစရာမရှိတော့သော ယတိပြတ်မှုကို အဆုံးသတ်ထားသူပါပဲ...
ဒါကြောင့်...
နေ့ရက်တိုင်းမှာ မင်း ဘာလုပ်သလဲတွေးပါ..
သူများဘာလုပ်နေသလဲ..မင်းမတွေးပါနဲ့
(မင်းရဲ့...မနက်ဖြန်ကိုပဲ ကြိုလိုက်ပါ)
ကောင်မလေး...
ရွှေပန်းချီ
Mdy
နှလုံးသာအလှ...ဆရာမ
#နှလုံးသားအလှကို..ရေမစိုဘူးဆရာမ
ပုံမြင်သခိုက်
မင်းရယ်လိုက်ဖို့ မလုပ်လေနဲ့...သူငယ်ချင်း..
မိန်းမအာဇာနည်
စိတ်ထားတည်
ဖွေစီသနား
အားအင်ထားလို့မြတိနိုးပါ၏။
သူ့အတွေးရယ်က
လူသူ ခလေး..
ရေဘေးရယ်နဲ့ သဘာဝအန္တာရယ်
ကင်းပါစေဖို့..အဓိကမို့
သင့်တင့်အမြင်..ဂရုမထင်ဘူး
အလှနှလုံးသားလုံ..
မေတ္တာရှင်..နိုက်တင်ဂေး ပုံ၏..သို့....။
ရွှေပန်းချီmdy
ဒုက္ခသည်စခန်းမှ နှလုံးသားလှသော ဆရာမကြီးအား လေးစားဂုဏ်ပြုပါသည်။ သတင်းဖတ်ရင်း
ပုံလေးတွေ့လို ရေးသားခြင်းပါ..ပိုင်ရှင်မှ ခွင့်ပြုပါရှင်
နေဉ္စရာချောင်းတဖက်မှာ
#နေဉ္စရာချောင်းတဖက်မှာ....
အမှန်တရား သစ္စာစကားမို့..
နှလုံးသားနဲ့ နာကြားလိုက်ပါ..ချစ်တဲ့သူ
ကျမ...ရင်ဝှက်ပန်းဖူး
ချစ်သူ..ခူးလေမှ
ပွင့်ဖတ်ဝတ်ဆံ ထုံသင်းလျှံ....
ဧကန်ပြီးပြည့်စုံပါစေ...
ကျမ..ရင်ဖြစ်ကဗျာတေးတပုဒ်
ချစ်သူနှုတ်က ဖွဖွညင်ကာ သံသာရွတ်မှ...
ကောင်းခြင်းဧကန် နားဝင်ပီယံ ညီသံညွှတ်နူး
ဘဝင်ထူးပါစေ...
ကျမ..အနာဂတ်လမ်း
ချစ်သူ...လက်ကမ်းမှ
ဘဝလမ်းကြမ်းခရီး မငြီးမငြူ
ဖေးကူအတူ လျှောက်ပါရစေ...
မှန်သောသစ္စာ မျှားပမှာသို့
ချစ်သူရင်ခွင်း သက်ဆင်းခဲ့ရင်..
ဟို..တောင်တောတန်း..
မိုးညိုမသန်းခင်.....
အရောက်လှမ်းခဲ့ပါ....
နေဉ္စရာချောင်းတဖက်...
ကျမ ရပ်စောင့်နေလျက်ပါ......ချစ်တဲ့သူ။
ရွှေပန်းချီmdy
မမုန်းခဲ့ပါ..ပန်းသခင်
#မမုန်းခဲ့ပါ....ပန်းသခင်
ရင်ခုန်သံ တပတ်နွမ်းက...
အလွမ်းခန်းသတင်းစကားတစ်ချို့.....
ပို့လိုက်တယ်....မောင်
#........
.......
.......
......
..#
ကျမ ရူးခဲ့တာပါလေ...
ဆူးနဲ့မာယာ အထပ်ထပ်ကြားမှာ
နှလုံးသားအတုကို ခုံမင်ဖူး....
ပုံပြင်တစ်ပုဒ်မှာ ရစ်မူးသလိုပေါ့....
မောင်ကတော့...သိမယ်တောင် မထင်ပါဘူး
နှင်းဆီပင် ပျိုးမိပြီဆိုကထဲက
တချိန်မှာ ဒီဆူး ဆူးမယ်မှန်းသိခဲ့တာ...
ဘယ်သူ့ပယောဂမှ မပါ ပါဘူး..
(အင်းပေါ့လေ).....
အရာရာအားလုံး..
အမုန်းမဖက်ခဲ့ပါဘူး......
ကျမ ပြုဖူးခဲ့တဲ့...
အကြောင်းတရားရဲ့အကျိုးဆက်များ..ပေါ့...မောင်။
ရွှေပန်းချီmdy
မန်းမြို့ဆိုတာကွယ်...
#မန်းမြို့ဆိုတာရယ်....
(ဆရာတင်..နန်းရှေ့က.. ဆိုခဲ့တယ်
ရနိကုန်ဆိုတာကွယ်..မပြတ်နေချင်ပါတယ်..နတ်ပြည်ကြီးလို ဆိုကြပါစို့..သို့ပေမယ့် ကိုယ်မြို့ကိုယိတော့ လွမ်းသေးတယ်..လွမ်းသေးတ်ာဗျို....)တဲ့
မန်းတခေါ် အလွန်ပျော်
တော်ရာတော်ကြောင်း
ပြောစရာကောင်း...ရှင့်
ယဉ်ကျေးအနေ
ထိုင်ခုံတွေက
မြင်ရာမြင်ကြောင်း
ထပ်ကာညောင်း..ရှင့်
မန်းသရုပ်
အထူးနှုတ်
လုပ်ရပ်ကလေး
ပြင်ပေးစေချင်
စေတနာရှင်...ရှင့်။
ရ္မေပန်းချီmdy
အကိုတယောက်ရဲ့ ပုံလေးတွေ့လို့ လက်တမ်းလေးပါရှင်။မန်းသူတယောက်မို့ တာဝန်ရှိတယ်ထင်လို့ပါ။
ဥပေက္ခာ အရိပ်အောက်က ပန်း
#ဥပေက္ခာအရိပ်အောက်က..ပန်း
တကယ်ဆို..
ရိုးသားမှုမှာ အနာတရတစ်ခု
စူးနစ်ကြွင်းကျန်ဖို့ နာကျင်တဲ့ အဆုံးသတ်မျိုးနဲ့
ကျွန်မ ရာဇဝင်ကို ပြောင်းမပစ်ချင်ဘူး...
နုညံ့တဲ့ ကဗျာနှလုံးသားနံရံရဲ့ တစ်ဖက်မှာရှိနေတဲ့
ပန်းရနံနဲ့ ချစ်ခြင်းဖွဲ့စာတွေစီဖို့ အိမ်မက်ကိုအလွမ်းနဲ့
စားခြေမြှောက်တာတောင်
ငြိမ်းချမ်ခြင်းပန်းက အလင်းမရခဲ့ဘူး...
ထားလိုက်ပါလေ..
နှလုံးသားနဲ့ ရင်းပြီး ဦးနှောက်လယ်ကသင်းက
ပြည့်လျှံလာတဲ့ သံစဉ်မွန်
ရေတံခွန်လို စီးဆင်းချင် စီးပါစေတော့..
ကြယ်တွေတောင် လမ်းပျောက်နေတဲ့
မဟူရာညကောင်းကင်အလယ်မှာ
ကျွန်မရဲ့ ညကို စာလုံးပေါင်းမှန်ဖို့
ဥပေက္ခာ အရိပ်အောက်မှာကြိုးစားရင်း..
ရင်ဘတ်ထဲမှာတော့..
တအုပ်တမကြီးအလွမ်းတွေ ဖူးဝေနေဆဲပါ......
ကျေးဇူး ပြုပြီး...
မျက်လုံးစိမ်းတွေနဲ့တော့ လာမကြည့်ကြပါနဲ့....
ကျေးဇူးပြုပြီး...
တေ့တေ့ကလေးစေ့ထားတဲ့
တံခါးတစ်ချပ်ကိုလည်း..တွန်းဖွင့်လို့ မဝင်ခဲ့ကြပါနဲ့..
ပျော်ရာအရပ်မှာ..နေနိုင်ပါတယ် လေ။
ရွှေပန်းချီmdy
Subscribe to:
Posts (Atom)