Wednesday, September 12, 2018

ဥ​ပေက္ခာ အရိပ်​​အောက်​က ပန်း


#ဥ​ပေက္ခာအရိပ်​​အောက်​က..ပန်း

တကယ်​ဆို..
ရိုးသားမှုမှာ အနာတရတစ်​ခု
စူးနစ်​ကြွင်းကျန်​ဖို့ နာကျင်​တဲ့ အဆုံးသတ်​မျိုးနဲ့
ကျွန်​မ ရာဇဝင်​ကို ​ပြောင်းမပစ်​ချင်​ဘူး...

နုညံ့တဲ့ ကဗျာနှလုံးသားနံရံရဲ့ တစ်​ဖက်​မှာရှိ​နေတဲ့
ပန်းရနံနဲ့ ချစ်​ခြင်းဖွဲ့စာ​တွေစီဖို့ အိမ်​မက်​ကိုအလွမ်းနဲ့
စား​ခြေ​မြှောက်​တာ​တောင်
ငြိမ်းချမ်​ခြင်းပန်းက အလင်းမရခဲ့ဘူး...

ထားလိုက်​ပါ​လေ..
နှလုံးသားနဲ့ ရင်းပြီး ဦး​နှောက်​လယ်​ကသင်းက
ပြည့်​လျှံလာတဲ့ သံစဉ်​မွန်
ရေတံခွန်​လို စီးဆင်းချင်​ စီးပါ​စေ​တော့..

ကြယ်​​တွေ​တောင်​ လမ်း​ပျောက်​​နေတဲ့
မဟူရာည​ကောင်းကင်​အလယ်​မှာ
ကျွန်​မရဲ့ ညကို စာလုံး​ပေါင်းမှန်​ဖို့
ဥ​ပေက္ခာ အရိပ်​​အောက်​မှာကြိုးစားရင်း..

ရင်​ဘတ်​ထဲမှာ​တော့..
တအုပ်​တမကြီးအလွမ်း​တွေ ဖူး​ဝေ​နေဆဲပါ......
ကျေးဇူး ပြုပြီး...
မျက်​လုံးစိမ်း​တွေနဲ့​တော့ လာမကြည့်​ကြပါနဲ့....
ကျေးဇူးပြုပြီး...
တေ့​တေ့က​လေး​စေ့ထားတဲ့
တံခါးတစ်​ချပ်​ကိုလည်း..တွန်းဖွင့်​လို့ မဝင်​ခဲ့ကြပါနဲ့..
ပျော်​ရာအရပ်​မှာ..​နေနိုင်​ပါတယ်​ ​လေ။

ရွှေပန်းချီmdy

No comments:

Post a Comment