Wednesday, July 11, 2018
ငဲ့လို့ပြုံးပါ...မြသက်လျာ
#ငဲ့လို့ပြုံးပါ..မြသက်လျာ
(မျက်ဖြေအင်္လကာ)
ကဗျာဖွဲ့နည်း...လွန်းနှစ်ပြန်-ယက္ကန်းကြိုး
ချစ်မှုသဘင်
ရာဟုက လေဆင် မျက်မာန်တွေစူး။
ဆင်လေမောင် ကဆုန်စိုင်းလျှင်
လှိုင်းဆင့်ဆင့်လူး။
လှိုင်းဆင့်တဲ့ ချစ်လှေငယ်ရှင်
ရေပြင်မှာ ပွေအင်နှောက်တယ်
ချာရောက်လို့ ဝိုင်း။
ချာချာလည် လှေငယ်လေးမှာ
လေယှဉ်ကာ သွေစင်မှောက်ပြန်တော့
ကမ်းမရောက်ခင် ဝဲဂယက်ကူးရတယ်
လူးဆင့်ဆင့်လှိုင်း။
ရွှေပန်းချီmdy
လေ့လာကြိုးစား ရေးထားခြင်းဖြစ်ပါတယ်။
လိုအပ်မှုရှိသေးရင် ကဗျာဆရာ ဆရာမများကခွင့်ပြုပေးပါရှင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment