Wednesday, July 11, 2018
ငဲ့လို့ပြုံးပါ...မြသက်​လျာ
#ငဲ့လို့ပြုံးပါ..မြသက်​လျာ
(မျက်​​ဖြေအင်္လကာ)
ကဗျာဖွဲ့နည်း...လွန်းနှစ်​ပြန်​-ယက္ကန်းကြိုး
ချစ်​မှုသဘင်
ရာဟုက ​လေဆင်​ မျက်​မာန်​တွေစူး။
ဆင်​​လေ​မောင်​ ကဆုန်​စိုင်းလျှင်
လှိုင်းဆင့်​ဆင့်​လူး။
လှိုင်းဆင့်​တဲ့ ချစ်​​လှေငယ်​ရှင်
ရေပြင်​မှာ ​ပွေအင်​​နှောက်​တယ်
ချာ​ရောက်​လို့ ဝိုင်း။
ချာချာလည်​ ​လှေငယ်​​လေးမှာ
လေယှဉ်​ကာ ​သွေစင်​​မှောက်​ပြန်​​တော့
ကမ်းမ​ရောက်​ခင်​ ဝဲဂယက်​ကူးရတယ်
လူးဆင့်​ဆင့်​လှိုင်း။
ရွှေပန်းချီmdy
လေ့လာကြိုးစား ​ရေးထားခြင်းဖြစ်​ပါတယ်​။
လိုအပ်​မှုရှိ​သေးရင်​ ကဗျာဆရာ ဆရာမများကခွင့်​ပြု​ပေးပါရှင်
မ​ခေါ်ပါ...မ​ပြောပါ...နှုတ်​ဆက်​ပါ
"မ​ခေါ်ပါ..မ​ပြောပါ (သို့​ပေမယ့်​)
နှုတ်​ဆက်​သွားပါ"
#ရွက်​ညိုညို.....အေးရိပ်​သာ
မှေးမှိတ်​ပါ မာယာတသွဲ့
ညာခလှဲ့လို့လည်း..
ခေါင်းငဲ့ကာ မ​ခေါ်ခဲ့ပါဘူး..​.....မောင်
#ခက်​ညိုညို...​ထွေးသိပ်​မှာ
ယိမ်းဖိတ်​ကာ လိုက်​ပါ​မျော
ခဏတာသ​ဘောနဲ့ ခိုဝင်
ညိုငြင်​လာ​တော့...ပျံသန်းထွက်
နှုတ်​ဆက်​ခွင့်​​တောင်​ ​ပေးမသွားတတ်​ပါဘူး..
#မက်​ညိုညို....ကိုယ်​, စိတ်​ခွာ
တိုးတိတ်​စွာ ​မေ့ထားပါလည်း
ပြုစားညှိ့တတ်​ပညာ တည့်​မတ်​ကာရင်​ကိုခွင်း..
ဒဏ်​ရာက ပြင်းလွန်းပါရဲ့.....
(အင်း​ပေါ့​လေ)...
မင်းက...ပညာတတ်​သူတစ်​​ယောက်​ပါပဲ...​မောင်​။
ရွှေပန်းချီmdy
Pls. ကဗျာပုံစံတစ်​မျိုး​လေး ဆန်းသစ်​​ရေးကြည့်​ခြင်း ပါ​နော်​..
ကဗျာဆရာ ဆရာမ များရှင်
အ​ရေးအသား အ​တွေးမှားပါက ​ရွှေ​လေ့လာမှု နဲပါးခြင်းသာဖြစ်​ပါတယ်​ရှင်​..
သို့....
#သို့...
လာလမ်းကို​မျှော်
လက်​ကမ်းသ​နော်
ချစ်​​ဆွေ​ဖော်​တို့​ရေ......
ဒီတစ်​ဝါ သာသနာရယ်​ပြု
အထုထွဋ်​တင်​ သဒ္ဒါလွှမ်းဆင်​တဲ့
ဒါနခဏ်းကုသိုလ်​​တွေ...
စုခဲ့ပါသ​လေ...ရှင့်
ပီတိ​တွေဖြာဖြာ​ဝေလို့..
သဟာ​ဆွေ မိတ်​အ​ပေါင်းတို့ကို
ရပါ​စေ..ယူ​စေ​ကြောင်းရယ်​နဲ့..
ထပ်​​လောင်းကာ ပို့​စေပါ​ကြောင်း..
အေး​စေမှု အ​ပေါင်း...။
ရွှေပန်းချီmdy
လနတ်​သမီး
မိုး​ကောင်းကင်​ကြီးရဲ့..လနတ်​သမီး
#​လမင်းကို..ချစ်​တယ်​..
လ​ရောင်​ဟာ အဓိပ္ပာယ်​ ​တွေ
တစ်​ခုခြင်း ဖွင့်​ဟ​နေသလို
တစ်​ခုခြင်း ကိုလည်း သိမ်းဆည်း​နေတယ်​..
#လမင်းကို..ချစ်​တယ်​..
အေးမြတဲ့အလင်းကို ဖန်​တီးဖို့..
အပူဒဏ်​ကို ရင်​ထိုးခံခဲ့နိုင်​တယ်​...
#လမင်းကို..ချစ်​တယ်​..
မျက်​နှာဖက်​ အလင်း​ကြောင့်​ သူ့ရင်​ခွင်​တခြမ်း အမြဲ​မှောင်​​နေတာလဲ သူပြုံးတယ်​..
# လမင်းကို..ချစ်​တယ်​..
တသသနဲ့ ချစ်​ကြ လွမ်းကြသူ​တွေအတွက်
အိပ်​စက်​ခြင်းမဲ့စွာနဲ့ အဖြူ​ရောင်​နှလုံးသားကို
ဟင်​လင်းဖွင့်​တယ်​...
# လမင်းကို..ချစ်​တယ်​..
အတ္တပါးပါးနဲ့ ပြဒါးထည့်​မှန်​တချပ်​လို
ကဗျာ​တွေ...နဲ့ ယစ်​မူး​စေ
ဘဝ​တွေ...နဲ့ သစ်​ဖူး​ဝေ
ဆန္ဒ​တွေ...နဲ့ ကြည်​နူး​နေ
တောင့်​တမှု​တွေ နဲ့ ရည်​စူး​လေ လို့
ဆု​တောင်းလဲ ​ပေးတတ်​သူ​ပေါ့.....
#လမင်းကို... ချစ်​လို့​လေ
"လမင်းသာ​သော ညများ အမြဲရှိပါ​စေ"..လို့။
ရွှေပန်းချီmdy
2:15am
မိုးသား​တွေမှောင်​​ပြီး သဲသဲမဲမဲရွာနေတဲ့ညမှာ မီးမလာ​တော့ ​ကောင်းကင်​ကြီးက ငိုပြီးလာ​ပြောလို့ ည၁၂းဝဝနာရီ အချိန်​မှာ ​ရေး​ပေးလိုက်​ရတဲ့...
ကောင်းကင်​ရဲ့ လက်​တို့ကဗျာ ​လေးပါ။
ရွှေရင်​စို​အောင်​ ရွာတဲ့မိုး
#​ရွှေရင်​စို​အောင်​..ရွာတဲ့မိုး
ပြောစမ်းပါ့ကွယ်​....
မရပ်​နားပြန်​ တန်​တန်​​မေး​သော်​လဲ
ချစ်​ဦးပျို နှုတ်​လုံ​သေးရယ်​​ကြောင့်
ဘယ်​ပုံ​တွေး ​​ဆွေး, ဆွေးခက်​ဖွယ်​။
ခင်​ရယ်​..
သ​ဘောတူ ကြည်​ဖြူစစ်​ရင်​ဖြင့်
မယ်​ လှစ်​ကာ ​နေနိုင်​အား​ပေမယ့်
မျက်​ထား​တော်​ အစဉ်​ပြုံးတာမို့
ချစ်​ မုန်း ​​တွေး, တွေးခက်​ရယ်​။
ပြောလိုက်​ပါ့ကွယ်​....
ဘဝင်​တခို ​ရွှေရင်​စိုရွာတဲ့မိုးလိုပ
သည်းထန်​လှိုင်​ ယိုင်​​ခွေလဲရချည့်
အသဲဆိုင်​ အုံ့ပုန်းသယ်
ခက်​ဖွယ်​ ကိုယ့်​မ​နော။
သို့ကလိုရယ်​...
မယ်​ခင်​နွယ်​ ယဉ်​ယဉ်​ပြုံးရယ်​က
"ချစ်​ဆုံး​ရေ..ဟုတ်​​ပေရဲ့'' လို့
မူနွဲ့ကာ ဆိုပါခဲ့ရင်
အသည်းပလ္လင်​ ထက်​တင်​လို့ထားမှာ​ပေါ့
ရှက်​သည်းကာ ယဉ်​ရုံပြုံးပါနဲ့
အဆုံးတိုင်​ နှုတ်​​ရွှေဖူးကို
ကျူးရင့်​ ပါ​လော။
ရွှေပန်းချီmdy
မိုးကဗျာ(3)2018
မိုးခ​ရေ..လမ်းခွဲ
#မိုးခ​ရေ...လမ်းခွဲ
မိုးည​နေကောင်းကင်​ထဲတိမ်​​တွေ ငိုတဲ့​နေ့ က​,ပေါ့......
သံသယကြိုး​တွေနဲ့ ချည်​​နှောင်​မိကြတဲ့အခါ
အချစ်​အင်​ပါယာဟာ ​နေဝင်​​တော့မှာပါလား ဆိုတဲ့အသိနဲ့..
ကိုယ့်​သိက္ခာ ကိုယ်​မျှားကြရင်း
မာနပန်းခင်းမှာ ​လေ​ပြေညှင်း​တွေ​ဝေးခဲ့ကြတယ်​...
မျိုသိပ်​ခြင်း ပြတင်းတံခါး​တွေနဲ့
ခမ်းနားလှတဲ့ အိမ်​မက်​​တွေ အို​ဟောင်း သွားသည်​ထိ ငါတို့နှလုံးသားက ရဲရဲဝံ့ဝံ့ လက်​မခံကြ​တော့ဘူးဆို​တော့...
ဘာ​ပြော​မလဲ ချစ်​သူရယ်​...
ကိုယ့်​ရာဇဝင်​ ​ကျောက်​လွင်​ပြင်​ကို​ချေမွ
ခ​ရေခတဲ့ မိုး​ရေလမ်းမှာ မျက်​ရည်​​တော့မကျပါနဲ့
ဆက်​​လျှောက်​လိုက်​ပါ..
နောက်​လှည့်​မကြည့်​​ကြေး​ပေါ့...
တိုက်​ဆိုင်​မှုရှိလာတဲ့ မိုးည​နေခင်း များဆိုရင်​....
သိပ်​​တော့မခက်​ပါဘူး ချစ်​သူရယ်
သတိရတိုင်း မျက်​ရည်​ဝိုင်းကြရုံ​ပေါ့....​နော်​။
ရွှေပန်းချီmdy
မိုးကဗျာ (2)2018
ပန်းသက်​တံဆီ အပြန်​လမ်း
#ပန်းသက်​တံဆီ....အပြန်​လမ်း
"အလွမ်းတဆစ် နဲ့မို့
ပန်းအဖြစ်လည်း မွှေး​စေချင်​"..။
"​အေးချမ်းတဖြစ်​နဲ့မို့
စမ်းအသစ်​လည်း စီး​စေချင်​"..။
"ရသစုံ အချစ်​နဲ့မို့
သက်​တံပုံ ​ရောင်​လှ​စေချင်​"..။
သို့​ပေမယ့်​လည်း....
လွှမ်းရစ်လို့ ပစ်ပယ်ချင်
မုန်းမိုးခင် အခုများ။
သက်​တံ​လေ​ပြေ
ပန်းခြောက်တေလေ
နွမ်းလောက်အခြေ  အသွင်မတင့် တာမို့
(မိုးရေ~)
မျက်သင့်တာလား။ ။
ရွှေပန်းချီmdy
မိုးကဗျာ.(1..2018)
Tag ​ပေးပြီး နှုတ်​ဆက်​တာပါ​နော်​။
အဆင်​မ​ပြေရင်​ ဖျက်​နိုင်​ပါတယ်​ fri တို့​ရေ
ဥ​ပေက္ခာ မျက်​ရဘ်​​အေး
#ဥပ​က္ခောမျက်​ရည်​​အေး..
သား​တော်​ရဟန်းရယ်​...
မယ်​ဘုရားစကား နား​တော်​ပန်​ကြား​လျှောက်​တင်​ချင်​ပါရဲ့​လေ..
ရှေးဦးမဆွ မယ့်​ဝမ်းတွင်းသ​န္ဓေခ,မခ
မသိခင်​ကတည်းက
ရှင်​ဘုရား သာသနာ လွန်​ရာကြည်​ညိုတာမို့..
ခင်​ပွန်းသည်​ထံ ခွင့်​ခံလို့​တောင်း
ဘဝ​ဟောင်းကိုပယ်​ သာသနယ်​သို့ဝင်​ခဲ့ပါရဲ့...
အတိတ်​ကံမဖယ်​သာ ကြုံလာဝဋ်​​ကြွေး​ကြောင့်
သ​န္ဓေငယ်​ ကိုယ်​တွင်​တွယ်​လို့ အားတင်းကာ​မွေးခဲ့ရ
ဘုရှင်​မင်းက ​ခေါ်​တော်​မူ လဆယ်​ဆူပြည့်​သာသာမို့
မျက်​ရည်​နဲ့​ပေးလိုက်​ရတယ်​..
အ​ဝေးကလွမ်း မျက်​ရည်​စမ်းလို
တရားအလုပ်​ ဘာဝနာကြိုးကုတ်​လဲ
တစ်​ဝဲဝဲရယ်​မှ တလည်​လည်
သံ​ယောဇဉ်​နယ်​ပယ်​ ထွက်​မရခဲ့
အနှစ်​ နှစ်​ဆယ်​​ကျော်​ရယ်​မို့
မယ်​မယ့်​ ဖြစ်​အင်​ သားအရှင်​မြင်​ပါရဲ့လား​လေ...
သားရှင်​ရဟန်းတက်​ သံသရာထွက်​​အောင်
ကမ္မဌာန်းနည်းကိုသင်​ ​တောမြိုင်​ကိုဝင်ချည်း
တစ်​​ယောက်​ထည်းမို့ မှက်​,ခြင်​များသန်း
အဘယ်​သူက ရမ်း​ပေးပါ့လိမ့်​..
မျက်​ရည်​ကြိတ်​ကျရပြန်​တာ​လေ..
ရဟန်းကိစ္စပြီး၊ ဓမ္မကထိကကြီးလို့
နာမည်​တစ်​လုံး ​ကျော်​​မော်​ဘုန်းသမို့
မယ်​မယ်​ပြုံးလို့​ပျော်​ခဲ့တယ်​...
အခု​တော့ကွယ်​..ကြည့်​စမ်းပ
မြို့တွင်းရယ်​ ဆွမ်းခံကြုံ..
သားရှင်​ရယ်​ ရပ်​ပါအုန်း..
မျက်​နှာ​တော်​လှ ဖူးချင်​သပလို့ လိုက်​လံကာဆွဲ..
နေရာမှာ​ချော်​ကာလဲလို့ မယ့်​သပိတ်​ကွဲနဲ့ ရင်​ကအပူ ​ဒေါသ​တွေဆူပါလို့..
"မယ်​မယ့်​ မျက်​ရည်​ဥ​ပေက္ခာပြု​သော သား
နေပါ​စေ မတွယ်​ကမ်း​တော့ပါဘု..
ငါ့တရားသာ ငါ့အားထားရာ
 မှတ်​ထင်​ကာ လွန်​ကြိုးကုတ်​ အားထုပ်​​တော့မဟဲ့..
သား​တော်​အရှင်​..စိမ်း​တော်​မူပါဘုရား..''
ရွှေပန်းချီ(mdy)
အထက်​ပါ စာပန်းချီ​လေးက ကုမာရကဿပ ရဟန္တာမြတ်​နှင့်​ မယ်​​တော်​​ထေရီတို့ ရဲ့ အဖြစ်​အပျက်​​လေးတကွက်​စာ ကိုချယ်​မှုန်းကြည့်​ခြင်းဖြစ်​ပါတယ်​။
လွမ်း​တော်​မူလို့..စာစီမယ်
#လွမ်း​တော်​မူလို့..စာစီမယ်
တောင်​ရိပ်​မှာ သူအိပ်​လို့
ဧရာဆိပ်​​ဘေး သူ​ပျော်
မော်​နိုင်​တဲ့​လေး။
(အခု​တော့)
ပြအိုး နန်းဟန်​နဲ့
ဗွေလယ်​ပြန်​ ကျုံး​ဘောင်​ထက်​မှာ
မှောင်​လှတယ်​လေး။
ရွှေပန်းချီ(Mdy)
မန်​တ​လေးချစ်​သူများကို tag ပါရ​စေ😁
ကြင်​သက်​ကြင်​​ငွေ့..မကျန်​၍သာ
#ကြင်​သက်​ ကြင်​​ငွေ့...မကျန်​၍သာ
မြတ်​နိုးခြင်းတစ်​ခုအတွက်
ရင်​ဘတ်​ထဲကို ခပ်​နက်​နက်​တူး
သစ္စာ​ဖူးတွေ အခါခါစိုက်​လဲ
ပိုးကိုက်​ခံရသူက...ကျွန်​မပါ...မောင်
ဆံနွယ်​တစ်​မျှင်​လွင့်​ ပက်​သက်​ခွင့်​ကို
ရနံ့​တွေမှာ မြူတစ်​စက်​မတင်
စိမ်းရိပ်​ဆင်​ပြီး ပြင်းထန်​စွာ ငြင်းဆိုလဲ
စိတ်​ တင်းခံနိုင်​ခဲ့ပါတယ်​......
ဘဝဒဏ်​ ​နေ,မိုး အပူ​လောင်​မှာစိုးလို့
အရိပ်​မိုး​ပေးကာ ​ဖေးမနှစ်​သိမ့်​ခြင်းကို
လောင်းရိပ်​လို့ သတ်​မှတ်
မင်းမို့ ​တွေးထင်​တတ်​​လေတယ်​..​နော်
အခု​တော့​လေ..
ချန်​ခဲ့တာလား..ကျန်​ခဲ့တာလား
ပြောင်းသွားတာလား...​ဟောင်းသွားတာလား
နှောင်းသွားတာလား...​စောင်းသွားတာလား
မ​ရေမရာ​ဝေဝါးခြင်းနဲ့
အချစ်​ဒဏ်​ရာမှတ်​တိုင်​မှာ....
ကျွန်​မ ဆင်း​နေခဲ့ရတယ်​......​မောင်​။
ရွှေပန်းချီmdy
Pls.ကဗျာ​ခေါင်းစဉ်​​လေးက ဆရာကြီးမင်းသုဝဏ်​(1934 သြဂုတ်​လ)​ရေးဖွဲ့ခဲ့​သော တွယ်​ရာမဲ့ ကဗျာမှဖြစ်​ပါတယ်​။ဆရာကြီး ကဗျာကို​လေ့လာမှတ်​သားရင်း ​ခေတ်​အ​တွေးနဲ့ ပြန်​လည်​​ရေးသားကြည့်​ခြင်းဖြစ်​ပါတယ်​​နော်​။
ဆရာကြီး ကဗျာ​လေးက အရမ်းလှတယိ..
#တွယ်​ရာမဲ့
..မထန်​သာသည်
သူ့မှာ ကျွန့်​တွက်​ ဆံတရွက်​မျှ
ချစ်​သက်​ချစိ​ငွေ့ မကျန်​၍..
..မပန်​သာသည်
သူ့မှာ ကျွန့်​တွက်​၊ မြူတစ်​စက်​မျှ
ကြင်​သက်​ ကြင်​​ငွေ့ မကျန်​၍..
..မြကန်​သာစည်​)
ဒုမ္မာကြာ​တော၊ ပွင့်​မှ​လျှောသည်
ဟို​မျှောသည်​တင်​ ၊ကြာချပ်​သွင်​သို့
ရှစ်​ခွင်​ရှစ်​ဖက်​ ၊ ခရီးထွက်​သည်
တွယ်​သက်​တွယ်​​ငွေ့ မကျန်​၍။
(ဆရာကြီး မင်းသုဝဏ်​.. သြဂုတ်​ ၁၉၃၄)