နွေ (8)
နွေညဉ့်ယံတေးစေတမန်
နွေညဥ့်ယံခါ
ပြေပြေလေညှင်း ခံစားရင်းဖြင့်
ရင်ခတ်တေးသံ ကျူးမိတယ်
ဒိုးဆစ်သံလေး ဟိုအဝေးက
ရေနတ်မယ်မောင် ကသောယောင်ဖြင့်
သံသာတိုင်းလိမ့် တငြိမ့်ငြိမ့်ကို
စိမ့်စိမ့်ကြည့်စဉ်
မောင့် ရုပ်သွင်လား လွမ်းလို့ဖွယ်ဖွယ် မြင်ယောင်ဆွယ်သည်
ပိတောက်တစ္ဆေ ခြောက်လှန့်တယ် . .
ချစ်မေတ္တာဖူး သစ္စာဦးလည်း
ကံပေးမပါ ဝဋ်ကြမ္မာလား
ဆုံးဖြတ်ရန်ခက် ပုစ္ဆာခက်မို့
ဖြေလျက်စေငှာ စိတ်စေရာမှ
နှစ်ကူးစေတမန် ချစ်သူထံသို့
ညဉ့်ဦးတေးသံ စေလိုက်တယ်. . . . .
ရွှေပန်းချီmdy့
ု
့
Monday, March 28, 2016
နွေလက်ပံ 2016နွေ ၇
နွေလက်ပံ
လက်ပံအဖူး နွေအကူးဝယ်
လေရှုးပျော်၍ ဝေ့လေပြီ . . .
တဝေ့ဝေ့လျှင်
ပင်နန်းဆင်က ဆွတ်ငင်ရည်စူး
မည်သို့မခူးသည် ပွင့်ဖူးပန်းမှန် ထိုလက်ပံ။
တရွေ့ရွေ့လျှင်
ပင်ရင့်သန်၍ ချစ်ခင်ရည်မှန်း ပင်ပျိုပန်းသည် ပွင့်လန်းသင်းဆန် ထိုလက်ပံ။
အော်
တနေ့နေ့လျှင် ခုံခုံမင်၍
နွေတော်ဝင်မလား စိတ်တွင်ဆလျက်
နွေသခင်နန်းတော် မြန်းအံ့ပြင်သော်
သီခေါင်မြနန်း မယ့်ချစ်ပန်းသည်
လွင့်ကားမြေထံ
ထိုလက်ပံ။
ရွှေပန်းချီ(Mdy)
နွေလယ်ညနေခင်း 2016 နွေ ၆
့ 2016နွေ(6)
နွေလယ်ညနေခင်း
ချစ်သူရေ
နွေလယ်ကာလညနေခင်းကို ဧချင်းလိုသွဲ့သွဲ့
လွမ်းလက်ဖွဲ့လေးလို့သတ်မှတ်
အမြင်မဆက်သောအရပ်က မင်းဆီပို့လိုက်လေ ရဲ့. . . နော်
နှောင်းသွားတဲ့အတိတ် ပြောင်းရွှေ့ရက်ကနယ်နမိတ်ကုန်
ိနွေနယ်အဆူဧပရယ်ပူသည်ထိ
နောက်ဆုံးပိတ် သိပ်မကြာပါဘူး
ဆိုပေမယ့် အချစ်ဆူးက ရစ်မူးလွန်းတယ်. . .မောင်
အချိန်တန်ပြန်
အိပ်တန်းဆန်တက်တဲ့ငှက်တေလေတောင် ခိုလှုံစရာ သိုက်ရိပ်တခြုံရှိပေမယ့်
ကျမအတွက် မောင့် ရင်ခွင်နဲ့ အချစ်တစုံသောလက် မဲ့ကွက်ခဲ့လေတယ် .. . လေ
ဒါကြောင့်မို့
အလွမ်းမျက်နှာတခြမ်းမှာ
သံယောဇဉ်ကြိုးတန်းလန်းနဲ့
ထုတ်ချင်းပေါက်ရင်ဘတ်ထံက
မင်း သွားလိုရာ သွားနိုင်ပါပြီ. .. . မောင်
ရွှေပန်းချီ(Mdy)်
နွေလယ်ညနေခင်း
ချစ်သူရေ
နွေလယ်ကာလညနေခင်းကို ဧချင်းလိုသွဲ့သွဲ့
လွမ်းလက်ဖွဲ့လေးလို့သတ်မှတ်
အမြင်မဆက်သောအရပ်က မင်းဆီပို့လိုက်လေ ရဲ့. . . နော်
နှောင်းသွားတဲ့အတိတ် ပြောင်းရွှေ့ရက်ကနယ်နမိတ်ကုန်
ိနွေနယ်အဆူဧပရယ်ပူသည်ထိ
နောက်ဆုံးပိတ် သိပ်မကြာပါဘူး
ဆိုပေမယ့် အချစ်ဆူးက ရစ်မူးလွန်းတယ်. . .မောင်
အချိန်တန်ပြန်
အိပ်တန်းဆန်တက်တဲ့ငှက်တေလေတောင် ခိုလှုံစရာ သိုက်ရိပ်တခြုံရှိပေမယ့်
ကျမအတွက် မောင့် ရင်ခွင်နဲ့ အချစ်တစုံသောလက် မဲ့ကွက်ခဲ့လေတယ် .. . လေ
ဒါကြောင့်မို့
အလွမ်းမျက်နှာတခြမ်းမှာ
သံယောဇဉ်ကြိုးတန်းလန်းနဲ့
ထုတ်ချင်းပေါက်ရင်ဘတ်ထံက
မင်း သွားလိုရာ သွားနိုင်ပါပြီ. .. . မောင်
ရွှေပန်းချီ(Mdy)်
Saturday, March 26, 2016
နွေကဗျာ ၅
နွေကဗျာ ၅
နွေမလေး
မွှေးကြူကို ပိုမိုသုံးလို့
မှုန်းလေပေါ့ ပျိုကညာ
ပန်းပိတောက်နဲ့ မူယာ။
နံ့သာဝါ၊ လောလာမှာမြူး။
နွေအထူး အပူဆင်နှင့်
နွေအစဉ် သူကူညီတားပါ့မယ်
(အိုဘယ့် နွေမရယ်)
ပါးထက်မှာ လူး။
ရွှေပန်းချီ(Mdy)
နွေမလေး
မွှေးကြူကို ပိုမိုသုံးလို့
မှုန်းလေပေါ့ ပျိုကညာ
ပန်းပိတောက်နဲ့ မူယာ။
နံ့သာဝါ၊ လောလာမှာမြူး။
နွေအထူး အပူဆင်နှင့်
နွေအစဉ် သူကူညီတားပါ့မယ်
(အိုဘယ့် နွေမရယ်)
ပါးထက်မှာ လူး။
ရွှေပန်းချီ(Mdy)
Wednesday, March 9, 2016
လှအိုးကွဲ...လေး
လှအိုးကွဲ...လေး
မွှေးကြူ ကို ပိုပိုသုံးလို့
မှုန်းလေပေါ့ ပျိုကညာ
ရှက်နွဲ့မူယာ။
နံသာဝါ လေလောမှာ မြူး။
ရွှေအဆင်း ယဉ်ယဉ်နှင့်
စိတ်အစဉ် ဘယ်ဆီမမုန်းပါ့မယ်
ဆုံးသက်တိုင် ကူး။
ရွှေရုပ်လွှာပန်းကလေးများ......
ရွှေရုပ်လွှာပန်းကလေးများ......
ချစ်စရာကလေးပါလာ့
ရုပ်ဆင်းငယ် ကြည်လို့ဝင်းတဲ့ပြင်
ဟန်ဆင်း မူယာထယ်နဲ့
ကြင်နာဖွယ် ချိုချိုပြုံးတာမို့
”အရုပ်ကလေးရယ် မက်လောက်စရာ“
ချိုလို့အေးပါတဲ့
ဆိုတေးတွေ ဝေေ၀မြိုင်တဲ့ရင်
ကကြိုးပြိုင် နှစ်ပါးဆိုင်လို့
ပြီမမီ နှုတ်ရွှေခွန်းတွေနဲ့
တုလွန်းအောင် တီတာကာမို့
“အရုပ်ကလေးရယ် ချစ်စရာ“
ကြန်အင်ထူးစွာနဲ့
ညွှတ်နူးဖွယ် ရောင်ဝါတို့ပြင်
မူယာပုံ ကော်ရုပ်ထက်ဆန်းပြန်တော့
တပြည်ရွာနေ သွေးမနှောပေမယ့်
ပန်ထွာထွာ လက်ပင်ကမ်းပါလို့
မက်မောစွာ သူခင်တွယ်ရတယ်
မြင်လေပေါ့ သစ်ဆန်း
မြန်မာ့ ရွှေရုပ်လွှာပန်း.....။ ။
ရွှေပန်းချီ(Mdy)
ချစ်စရာကလေးပါလာ့
ရုပ်ဆင်းငယ် ကြည်လို့ဝင်းတဲ့ပြင်
ဟန်ဆင်း မူယာထယ်နဲ့
ကြင်နာဖွယ် ချိုချိုပြုံးတာမို့
”အရုပ်ကလေးရယ် မက်လောက်စရာ“
ချိုလို့အေးပါတဲ့
ဆိုတေးတွေ ဝေေ၀မြိုင်တဲ့ရင်
ကကြိုးပြိုင် နှစ်ပါးဆိုင်လို့
ပြီမမီ နှုတ်ရွှေခွန်းတွေနဲ့
တုလွန်းအောင် တီတာကာမို့
“အရုပ်ကလေးရယ် ချစ်စရာ“
ကြန်အင်ထူးစွာနဲ့
ညွှတ်နူးဖွယ် ရောင်ဝါတို့ပြင်
မူယာပုံ ကော်ရုပ်ထက်ဆန်းပြန်တော့
တပြည်ရွာနေ သွေးမနှောပေမယ့်
ပန်ထွာထွာ လက်ပင်ကမ်းပါလို့
မက်မောစွာ သူခင်တွယ်ရတယ်
မြင်လေပေါ့ သစ်ဆန်း
မြန်မာ့ ရွှေရုပ်လွှာပန်း.....။ ။
ရွှေပန်းချီ(Mdy)
Subscribe to:
Posts (Atom)