နွေ (8)
နွေညဉ့်ယံတေးစေတမန်
နွေညဥ့်ယံခါ
ပြေပြေလေညှင်း ခံစားရင်းဖြင့်
ရင်ခတ်တေးသံ ကျူးမိတယ်
ဒိုးဆစ်သံလေး ဟိုအဝေးက
ရေနတ်မယ်မောင် ကသောယောင်ဖြင့်
သံသာတိုင်းလိမ့် တငြိမ့်ငြိမ့်ကို
စိမ့်စိမ့်ကြည့်စဉ်
မောင့် ရုပ်သွင်လား လွမ်းလို့ဖွယ်ဖွယ် မြင်ယောင်ဆွယ်သည်
ပိတောက်တစ္ဆေ ခြောက်လှန့်တယ် . .
ချစ်မေတ္တာဖူး သစ္စာဦးလည်း
ကံပေးမပါ ဝဋ်ကြမ္မာလား
ဆုံးဖြတ်ရန်ခက် ပုစ္ဆာခက်မို့
ဖြေလျက်စေငှာ စိတ်စေရာမှ
နှစ်ကူးစေတမန် ချစ်သူထံသို့
ညဉ့်ဦးတေးသံ စေလိုက်တယ်. . . . .
ရွှေပန်းချီmdy့
ု
့
No comments:
Post a Comment