့ 2016နွေ(6)
နွေလယ်ညနေခင်း
ချစ်သူရေ
နွေလယ်ကာလညနေခင်းကို ဧချင်းလိုသွဲ့သွဲ့
လွမ်းလက်ဖွဲ့လေးလို့သတ်မှတ်
အမြင်မဆက်သောအရပ်က မင်းဆီပို့လိုက်လေ ရဲ့. . . နော်
နှောင်းသွားတဲ့အတိတ် ပြောင်းရွှေ့ရက်ကနယ်နမိတ်ကုန်
ိနွေနယ်အဆူဧပရယ်ပူသည်ထိ
နောက်ဆုံးပိတ် သိပ်မကြာပါဘူး
ဆိုပေမယ့် အချစ်ဆူးက ရစ်မူးလွန်းတယ်. . .မောင်
အချိန်တန်ပြန်
အိပ်တန်းဆန်တက်တဲ့ငှက်တေလေတောင် ခိုလှုံစရာ သိုက်ရိပ်တခြုံရှိပေမယ့်
ကျမအတွက် မောင့် ရင်ခွင်နဲ့ အချစ်တစုံသောလက် မဲ့ကွက်ခဲ့လေတယ် .. . လေ
ဒါကြောင့်မို့
အလွမ်းမျက်နှာတခြမ်းမှာ
သံယောဇဉ်ကြိုးတန်းလန်းနဲ့
ထုတ်ချင်းပေါက်ရင်ဘတ်ထံက
မင်း သွားလိုရာ သွားနိုင်ပါပြီ. .. . မောင်
ရွှေပန်းချီ(Mdy)်
No comments:
Post a Comment