နွေလက်ပံ
လက်ပံအဖူး နွေအကူးဝယ်
လေရှုးပျော်၍ ဝေ့လေပြီ . . .
တဝေ့ဝေ့လျှင်
ပင်နန်းဆင်က ဆွတ်ငင်ရည်စူး
မည်သို့မခူးသည် ပွင့်ဖူးပန်းမှန် ထိုလက်ပံ။
တရွေ့ရွေ့လျှင်
ပင်ရင့်သန်၍ ချစ်ခင်ရည်မှန်း ပင်ပျိုပန်းသည် ပွင့်လန်းသင်းဆန် ထိုလက်ပံ။
အော်
တနေ့နေ့လျှင် ခုံခုံမင်၍
နွေတော်ဝင်မလား စိတ်တွင်ဆလျက်
နွေသခင်နန်းတော် မြန်းအံ့ပြင်သော်
သီခေါင်မြနန်း မယ့်ချစ်ပန်းသည်
လွင့်ကားမြေထံ
ထိုလက်ပံ။
ရွှေပန်းချီ(Mdy)
No comments:
Post a Comment