Wednesday, July 11, 2018

ကြင်​သက်​ကြင်​​ငွေ့..မကျန်​၍သာ


#ကြင်​သက်​ ကြင်​​ငွေ့...မကျန်​၍သာ

မြတ်​နိုးခြင်းတစ်​ခုအတွက်
ရင်​ဘတ်​ထဲကို ခပ်​နက်​နက်​တူး
သစ္စာ​ဖူးတွေ အခါခါစိုက်​လဲ
ပိုးကိုက်​ခံရသူက...ကျွန်​မပါ...မောင်

ဆံနွယ်​တစ်​မျှင်​လွင့်​ ပက်​သက်​ခွင့်​ကို
ရနံ့​တွေမှာ မြူတစ်​စက်​မတင်
စိမ်းရိပ်​ဆင်​ပြီး ပြင်းထန်​စွာ ငြင်းဆိုလဲ
စိတ်​ တင်းခံနိုင်​ခဲ့ပါတယ်​......

ဘဝဒဏ်​ ​နေ,မိုး အပူ​လောင်​မှာစိုးလို့
အရိပ်​မိုး​ပေးကာ ​ဖေးမနှစ်​သိမ့်​ခြင်းကို
လောင်းရိပ်​လို့ သတ်​မှတ်
မင်းမို့ ​တွေးထင်​တတ်​​လေတယ်​..​နော်

အခု​တော့​လေ..
ချန်​ခဲ့တာလား..ကျန်​ခဲ့တာလား
ပြောင်းသွားတာလား...​ဟောင်းသွားတာလား
နှောင်းသွားတာလား...​စောင်းသွားတာလား
မ​ရေမရာ​ဝေဝါးခြင်းနဲ့
အချစ်​ဒဏ်​ရာမှတ်​တိုင်​မှာ....
ကျွန်​မ ဆင်း​နေခဲ့ရတယ်​......​မောင်​။

ရွှေပန်းချီmdy
Pls.ကဗျာ​ခေါင်းစဉ်​​လေးက ဆရာကြီးမင်းသုဝဏ်​(1934 သြဂုတ်​လ)​ရေးဖွဲ့ခဲ့​သော တွယ်​ရာမဲ့ ကဗျာမှဖြစ်​ပါတယ်​။ဆရာကြီး ကဗျာကို​လေ့လာမှတ်​သားရင်း ​ခေတ်​အ​တွေးနဲ့ ပြန်​လည်​​ရေးသားကြည့်​ခြင်းဖြစ်​ပါတယ်​​နော်​။

ဆရာကြီး ကဗျာ​လေးက အရမ်းလှတယိ..
#တွယ်​ရာမဲ့
..မထန်​သာသည်
သူ့မှာ ကျွန့်​တွက်​ ဆံတရွက်​မျှ
ချစ်​သက်​ချစိ​ငွေ့ မကျန်​၍..
..မပန်​သာသည်
သူ့မှာ ကျွန့်​တွက်​၊ မြူတစ်​စက်​မျှ
ကြင်​သက်​ ကြင်​​ငွေ့ မကျန်​၍..
..မြကန်​သာစည်​)
ဒုမ္မာကြာ​တော၊ ပွင့်​မှ​လျှောသည်
ဟို​မျှောသည်​တင်​ ၊ကြာချပ်​သွင်​သို့
ရှစ်​ခွင်​ရှစ်​ဖက်​ ၊ ခရီးထွက်​သည်
တွယ်​သက်​တွယ်​​ငွေ့ မကျန်​၍။
(ဆရာကြီး မင်းသုဝဏ်​.. သြဂုတ်​ ၁၉၃၄)

No comments:

Post a Comment