Wednesday, July 11, 2018
ကြင်သက်ကြင်ငွေ့..မကျန်၍သာ
#ကြင်သက် ကြင်ငွေ့...မကျန်၍သာ
မြတ်နိုးခြင်းတစ်ခုအတွက်
ရင်ဘတ်ထဲကို ခပ်နက်နက်တူး
သစ္စာဖူးတွေ အခါခါစိုက်လဲ
ပိုးကိုက်ခံရသူက...ကျွန်မပါ...မောင်
ဆံနွယ်တစ်မျှင်လွင့် ပက်သက်ခွင့်ကို
ရနံ့တွေမှာ မြူတစ်စက်မတင်
စိမ်းရိပ်ဆင်ပြီး ပြင်းထန်စွာ ငြင်းဆိုလဲ
စိတ် တင်းခံနိုင်ခဲ့ပါတယ်......
ဘဝဒဏ် နေ,မိုး အပူလောင်မှာစိုးလို့
အရိပ်မိုးပေးကာ ဖေးမနှစ်သိမ့်ခြင်းကို
လောင်းရိပ်လို့ သတ်မှတ်
မင်းမို့ တွေးထင်တတ်လေတယ်..နော်
အခုတော့လေ..
ချန်ခဲ့တာလား..ကျန်ခဲ့တာလား
ပြောင်းသွားတာလား...ဟောင်းသွားတာလား
နှောင်းသွားတာလား...စောင်းသွားတာလား
မရေမရာဝေဝါးခြင်းနဲ့
အချစ်ဒဏ်ရာမှတ်တိုင်မှာ....
ကျွန်မ ဆင်းနေခဲ့ရတယ်......မောင်။
ရွှေပန်းချီmdy
Pls.ကဗျာခေါင်းစဉ်လေးက ဆရာကြီးမင်းသုဝဏ်(1934 သြဂုတ်လ)ရေးဖွဲ့ခဲ့သော တွယ်ရာမဲ့ ကဗျာမှဖြစ်ပါတယ်။ဆရာကြီး ကဗျာကိုလေ့လာမှတ်သားရင်း ခေတ်အတွေးနဲ့ ပြန်လည်ရေးသားကြည့်ခြင်းဖြစ်ပါတယ်နော်။
ဆရာကြီး ကဗျာလေးက အရမ်းလှတယိ..
#တွယ်ရာမဲ့
..မထန်သာသည်
သူ့မှာ ကျွန့်တွက် ဆံတရွက်မျှ
ချစ်သက်ချစိငွေ့ မကျန်၍..
..မပန်သာသည်
သူ့မှာ ကျွန့်တွက်၊ မြူတစ်စက်မျှ
ကြင်သက် ကြင်ငွေ့ မကျန်၍..
..မြကန်သာစည်)
ဒုမ္မာကြာတော၊ ပွင့်မှလျှောသည်
ဟိုမျှောသည်တင် ၊ကြာချပ်သွင်သို့
ရှစ်ခွင်ရှစ်ဖက် ၊ ခရီးထွက်သည်
တွယ်သက်တွယ်ငွေ့ မကျန်၍။
(ဆရာကြီး မင်းသုဝဏ်.. သြဂုတ် ၁၉၃၄)
No comments:
Post a Comment