Wednesday, July 11, 2018
ငဲ့လို့ပြုံးပါ...မြသက်လျာ
#ငဲ့လို့ပြုံးပါ..မြသက်လျာ
(မျက်ဖြေအင်္လကာ)
ကဗျာဖွဲ့နည်း...လွန်းနှစ်ပြန်-ယက္ကန်းကြိုး
ချစ်မှုသဘင်
ရာဟုက လေဆင် မျက်မာန်တွေစူး။
ဆင်လေမောင် ကဆုန်စိုင်းလျှင်
လှိုင်းဆင့်ဆင့်လူး။
လှိုင်းဆင့်တဲ့ ချစ်လှေငယ်ရှင်
ရေပြင်မှာ ပွေအင်နှောက်တယ်
ချာရောက်လို့ ဝိုင်း။
ချာချာလည် လှေငယ်လေးမှာ
လေယှဉ်ကာ သွေစင်မှောက်ပြန်တော့
ကမ်းမရောက်ခင် ဝဲဂယက်ကူးရတယ်
လူးဆင့်ဆင့်လှိုင်း။
ရွှေပန်းချီmdy
လေ့လာကြိုးစား ရေးထားခြင်းဖြစ်ပါတယ်။
လိုအပ်မှုရှိသေးရင် ကဗျာဆရာ ဆရာမများကခွင့်ပြုပေးပါရှင်
မခေါ်ပါ...မပြောပါ...နှုတ်ဆက်ပါ
"မခေါ်ပါ..မပြောပါ (သို့ပေမယ့်)
နှုတ်ဆက်သွားပါ"
#ရွက်ညိုညို.....အေးရိပ်သာ
မှေးမှိတ်ပါ မာယာတသွဲ့
ညာခလှဲ့လို့လည်း..
ခေါင်းငဲ့ကာ မခေါ်ခဲ့ပါဘူး.......မောင်
#ခက်ညိုညို...ထွေးသိပ်မှာ
ယိမ်းဖိတ်ကာ လိုက်ပါမျော
ခဏတာသဘောနဲ့ ခိုဝင်
ညိုငြင်လာတော့...ပျံသန်းထွက်
နှုတ်ဆက်ခွင့်တောင် ပေးမသွားတတ်ပါဘူး..
#မက်ညိုညို....ကိုယ်, စိတ်ခွာ
တိုးတိတ်စွာ မေ့ထားပါလည်း
ပြုစားညှိ့တတ်ပညာ တည့်မတ်ကာရင်ကိုခွင်း..
ဒဏ်ရာက ပြင်းလွန်းပါရဲ့.....
(အင်းပေါ့လေ)...
မင်းက...ပညာတတ်သူတစ်ယောက်ပါပဲ...မောင်။
ရွှေပန်းချီmdy
Pls. ကဗျာပုံစံတစ်မျိုးလေး ဆန်းသစ်ရေးကြည့်ခြင်း ပါနော်..
ကဗျာဆရာ ဆရာမ များရှင်
အရေးအသား အတွေးမှားပါက ရွှေလေ့လာမှု နဲပါးခြင်းသာဖြစ်ပါတယ်ရှင်..
သို့....
#သို့...
လာလမ်းကိုမျှော်
လက်ကမ်းသနော်
ချစ်ဆွေဖော်တို့ရေ......
ဒီတစ်ဝါ သာသနာရယ်ပြု
အထုထွဋ်တင် သဒ္ဒါလွှမ်းဆင်တဲ့
ဒါနခဏ်းကုသိုလ်တွေ...
စုခဲ့ပါသလေ...ရှင့်
ပီတိတွေဖြာဖြာဝေလို့..
သဟာဆွေ မိတ်အပေါင်းတို့ကို
ရပါစေ..ယူစေကြောင်းရယ်နဲ့..
ထပ်လောင်းကာ ပို့စေပါကြောင်း..
အေးစေမှု အပေါင်း...။
ရွှေပန်းချီmdy
လနတ်သမီး
မိုးကောင်းကင်ကြီးရဲ့..လနတ်သမီး
#လမင်းကို..ချစ်တယ်..
လရောင်ဟာ အဓိပ္ပာယ် တွေ
တစ်ခုခြင်း ဖွင့်ဟနေသလို
တစ်ခုခြင်း ကိုလည်း သိမ်းဆည်းနေတယ်..
#လမင်းကို..ချစ်တယ်..
အေးမြတဲ့အလင်းကို ဖန်တီးဖို့..
အပူဒဏ်ကို ရင်ထိုးခံခဲ့နိုင်တယ်...
#လမင်းကို..ချစ်တယ်..
မျက်နှာဖက် အလင်းကြောင့် သူ့ရင်ခွင်တခြမ်း အမြဲမှောင်နေတာလဲ သူပြုံးတယ်..
# လမင်းကို..ချစ်တယ်..
တသသနဲ့ ချစ်ကြ လွမ်းကြသူတွေအတွက်
အိပ်စက်ခြင်းမဲ့စွာနဲ့ အဖြူရောင်နှလုံးသားကို
ဟင်လင်းဖွင့်တယ်...
# လမင်းကို..ချစ်တယ်..
အတ္တပါးပါးနဲ့ ပြဒါးထည့်မှန်တချပ်လို
ကဗျာတွေ...နဲ့ ယစ်မူးစေ
ဘဝတွေ...နဲ့ သစ်ဖူးဝေ
ဆန္ဒတွေ...နဲ့ ကြည်နူးနေ
တောင့်တမှုတွေ နဲ့ ရည်စူးလေ လို့
ဆုတောင်းလဲ ပေးတတ်သူပေါ့.....
#လမင်းကို... ချစ်လို့လေ
"လမင်းသာသော ညများ အမြဲရှိပါစေ"..လို့။
ရွှေပန်းချီmdy
2:15am
မိုးသားတွေမှောင်ပြီး သဲသဲမဲမဲရွာနေတဲ့ညမှာ မီးမလာတော့ ကောင်းကင်ကြီးက ငိုပြီးလာပြောလို့ ည၁၂းဝဝနာရီ အချိန်မှာ ရေးပေးလိုက်ရတဲ့...
ကောင်းကင်ရဲ့ လက်တို့ကဗျာ လေးပါ။
ရွှေရင်စိုအောင် ရွာတဲ့မိုး
#ရွှေရင်စိုအောင်..ရွာတဲ့မိုး
ပြောစမ်းပါ့ကွယ်....
မရပ်နားပြန် တန်တန်မေးသော်လဲ
ချစ်ဦးပျို နှုတ်လုံသေးရယ်ကြောင့်
ဘယ်ပုံတွေး ဆွေး, ဆွေးခက်ဖွယ်။
ခင်ရယ်..
သဘောတူ ကြည်ဖြူစစ်ရင်ဖြင့်
မယ် လှစ်ကာ နေနိုင်အားပေမယ့်
မျက်ထားတော် အစဉ်ပြုံးတာမို့
ချစ် မုန်း တွေး, တွေးခက်ရယ်။
ပြောလိုက်ပါ့ကွယ်....
ဘဝင်တခို ရွှေရင်စိုရွာတဲ့မိုးလိုပ
သည်းထန်လှိုင် ယိုင်ခွေလဲရချည့်
အသဲဆိုင် အုံ့ပုန်းသယ်
ခက်ဖွယ် ကိုယ့်မနော။
သို့ကလိုရယ်...
မယ်ခင်နွယ် ယဉ်ယဉ်ပြုံးရယ်က
"ချစ်ဆုံးရေ..ဟုတ်ပေရဲ့'' လို့
မူနွဲ့ကာ ဆိုပါခဲ့ရင်
အသည်းပလ္လင် ထက်တင်လို့ထားမှာပေါ့
ရှက်သည်းကာ ယဉ်ရုံပြုံးပါနဲ့
အဆုံးတိုင် နှုတ်ရွှေဖူးကို
ကျူးရင့် ပါလော။
ရွှေပန်းချီmdy
မိုးကဗျာ(3)2018
မိုးခရေ..လမ်းခွဲ
#မိုးခရေ...လမ်းခွဲ
မိုးညနေကောင်းကင်ထဲတိမ်တွေ ငိုတဲ့နေ့ က,ပေါ့......
သံသယကြိုးတွေနဲ့ ချည်နှောင်မိကြတဲ့အခါ
အချစ်အင်ပါယာဟာ နေဝင်တော့မှာပါလား ဆိုတဲ့အသိနဲ့..
ကိုယ့်သိက္ခာ ကိုယ်မျှားကြရင်း
မာနပန်းခင်းမှာ လေပြေညှင်းတွေဝေးခဲ့ကြတယ်...
မျိုသိပ်ခြင်း ပြတင်းတံခါးတွေနဲ့
ခမ်းနားလှတဲ့ အိမ်မက်တွေ အိုဟောင်း သွားသည်ထိ ငါတို့နှလုံးသားက ရဲရဲဝံ့ဝံ့ လက်မခံကြတော့ဘူးဆိုတော့...
ဘာပြောမလဲ ချစ်သူရယ်...
ကိုယ့်ရာဇဝင် ကျောက်လွင်ပြင်ကိုချေမွ
ခရေခတဲ့ မိုးရေလမ်းမှာ မျက်ရည်တော့မကျပါနဲ့
ဆက်လျှောက်လိုက်ပါ..
နောက်လှည့်မကြည့်ကြေးပေါ့...
တိုက်ဆိုင်မှုရှိလာတဲ့ မိုးညနေခင်း များဆိုရင်....
သိပ်တော့မခက်ပါဘူး ချစ်သူရယ်
သတိရတိုင်း မျက်ရည်ဝိုင်းကြရုံပေါ့....နော်။
ရွှေပန်းချီmdy
မိုးကဗျာ (2)2018
ပန်းသက်တံဆီ အပြန်လမ်း
#ပန်းသက်တံဆီ....အပြန်လမ်း
"အလွမ်းတဆစ် နဲ့မို့
ပန်းအဖြစ်လည်း မွှေးစေချင်"..။
"အေးချမ်းတဖြစ်နဲ့မို့
စမ်းအသစ်လည်း စီးစေချင်"..။
"ရသစုံ အချစ်နဲ့မို့
သက်တံပုံ ရောင်လှစေချင်"..။
သို့ပေမယ့်လည်း....
လွှမ်းရစ်လို့ ပစ်ပယ်ချင်
မုန်းမိုးခင် အခုများ။
သက်တံလေပြေ
ပန်းခြောက်တေလေ
နွမ်းလောက်အခြေ အသွင်မတင့် တာမို့
(မိုးရေ~)
မျက်သင့်တာလား။ ။
ရွှေပန်းချီmdy
မိုးကဗျာ.(1..2018)
Tag ပေးပြီး နှုတ်ဆက်တာပါနော်။
အဆင်မပြေရင် ဖျက်နိုင်ပါတယ် fri တို့ရေ
ဥပေက္ခာ မျက်ရဘ်အေး
#ဥပက္ခောမျက်ရည်အေး..
သားတော်ရဟန်းရယ်...
မယ်ဘုရားစကား နားတော်ပန်ကြားလျှောက်တင်ချင်ပါရဲ့လေ..
ရှေးဦးမဆွ မယ့်ဝမ်းတွင်းသန္ဓေခ,မခ
မသိခင်ကတည်းက
ရှင်ဘုရား သာသနာ လွန်ရာကြည်ညိုတာမို့..
ခင်ပွန်းသည်ထံ ခွင့်ခံလို့တောင်း
ဘဝဟောင်းကိုပယ် သာသနယ်သို့ဝင်ခဲ့ပါရဲ့...
အတိတ်ကံမဖယ်သာ ကြုံလာဝဋ်ကြွေးကြောင့်
သန္ဓေငယ် ကိုယ်တွင်တွယ်လို့ အားတင်းကာမွေးခဲ့ရ
ဘုရှင်မင်းက ခေါ်တော်မူ လဆယ်ဆူပြည့်သာသာမို့
မျက်ရည်နဲ့ပေးလိုက်ရတယ်..
အဝေးကလွမ်း မျက်ရည်စမ်းလို
တရားအလုပ် ဘာဝနာကြိုးကုတ်လဲ
တစ်ဝဲဝဲရယ်မှ တလည်လည်
သံယောဇဉ်နယ်ပယ် ထွက်မရခဲ့
အနှစ် နှစ်ဆယ်ကျော်ရယ်မို့
မယ်မယ့် ဖြစ်အင် သားအရှင်မြင်ပါရဲ့လားလေ...
သားရှင်ရဟန်းတက် သံသရာထွက်အောင်
ကမ္မဌာန်းနည်းကိုသင် တောမြိုင်ကိုဝင်ချည်း
တစ်ယောက်ထည်းမို့ မှက်,ခြင်များသန်း
အဘယ်သူက ရမ်းပေးပါ့လိမ့်..
မျက်ရည်ကြိတ်ကျရပြန်တာလေ..
ရဟန်းကိစ္စပြီး၊ ဓမ္မကထိကကြီးလို့
နာမည်တစ်လုံး ကျော်မော်ဘုန်းသမို့
မယ်မယ်ပြုံးလို့ပျော်ခဲ့တယ်...
အခုတော့ကွယ်..ကြည့်စမ်းပ
မြို့တွင်းရယ် ဆွမ်းခံကြုံ..
သားရှင်ရယ် ရပ်ပါအုန်း..
မျက်နှာတော်လှ ဖူးချင်သပလို့ လိုက်လံကာဆွဲ..
နေရာမှာချော်ကာလဲလို့ မယ့်သပိတ်ကွဲနဲ့ ရင်ကအပူ ဒေါသတွေဆူပါလို့..
"မယ်မယ့် မျက်ရည်ဥပေက္ခာပြုသော သား
နေပါစေ မတွယ်ကမ်းတော့ပါဘု..
ငါ့တရားသာ ငါ့အားထားရာ
မှတ်ထင်ကာ လွန်ကြိုးကုတ် အားထုပ်တော့မဟဲ့..
သားတော်အရှင်..စိမ်းတော်မူပါဘုရား..''
ရွှေပန်းချီ(mdy)
အထက်ပါ စာပန်းချီလေးက ကုမာရကဿပ ရဟန္တာမြတ်နှင့် မယ်တော်ထေရီတို့ ရဲ့ အဖြစ်အပျက်လေးတကွက်စာ ကိုချယ်မှုန်းကြည့်ခြင်းဖြစ်ပါတယ်။
နောက်ဆုံးအခန်းလေးက ရင်နင့်စရာ၊ အတုယူစရာ၊ ပီတိဖြစ်စရာ ကောင်းလှပါတယ်။တကယ်တော့ ရဟန္တာ အရှင်မြတ်က မွေးမိခင်ကို မသနားလို့မဟုတ်ပါဘူး။အလွန်သနားတော်မူလွန်းလို့ တရားပြခြင်းသာဖြစ်ပါတယ်။ မယ်တော်ကြီးခေါ်တဲ့အချိန် လှည်လည်ကာကြည့်မိပါက သံယောဇဉ် မပြတ်ရှာသော ထေရီကြီးဘဝနဲ့ တရားမရမှာကြိုသိနေတာမို့ မျက်ရည်ကို ဥပေက္ခာ ပြုပေးလိုက်ခြင်းဖြစ်ပါတယ်။ မယ်တော်ကြီးလဲ သံယောဇဉ် ဖြတ်ပြီး ကျောင်းပြနိရောက်တဲ့အခါ ထိုင်ရာမထ တရားအလုပ် ကြိုးစားအားထုပ်လိုက်တဲ့အခါ အာသဝေါကုန်ခမ်း ရဟန္တာမကြီးအဖြစ်ကို ရရှိသွားပါတော့တယ်။
လွမ်းတော်မူလို့..စာစီမယ်
#လွမ်းတော်မူလို့..စာစီမယ်
တောင်ရိပ်မှာ သူအိပ်လို့
ဧရာဆိပ်ဘေး သူပျော်
မော်နိုင်တဲ့လေး။
(အခုတော့)
ပြအိုး နန်းဟန်နဲ့
ဗွေလယ်ပြန် ကျုံးဘောင်ထက်မှာ
မှောင်လှတယ်လေး။
ရွှေပန်းချီ(Mdy)
မန်တလေးချစ်သူများကို tag ပါရစေ😁
ကြင်သက်ကြင်ငွေ့..မကျန်၍သာ
#ကြင်သက် ကြင်ငွေ့...မကျန်၍သာ
မြတ်နိုးခြင်းတစ်ခုအတွက်
ရင်ဘတ်ထဲကို ခပ်နက်နက်တူး
သစ္စာဖူးတွေ အခါခါစိုက်လဲ
ပိုးကိုက်ခံရသူက...ကျွန်မပါ...မောင်
ဆံနွယ်တစ်မျှင်လွင့် ပက်သက်ခွင့်ကို
ရနံ့တွေမှာ မြူတစ်စက်မတင်
စိမ်းရိပ်ဆင်ပြီး ပြင်းထန်စွာ ငြင်းဆိုလဲ
စိတ် တင်းခံနိုင်ခဲ့ပါတယ်......
ဘဝဒဏ် နေ,မိုး အပူလောင်မှာစိုးလို့
အရိပ်မိုးပေးကာ ဖေးမနှစ်သိမ့်ခြင်းကို
လောင်းရိပ်လို့ သတ်မှတ်
မင်းမို့ တွေးထင်တတ်လေတယ်..နော်
အခုတော့လေ..
ချန်ခဲ့တာလား..ကျန်ခဲ့တာလား
ပြောင်းသွားတာလား...ဟောင်းသွားတာလား
နှောင်းသွားတာလား...စောင်းသွားတာလား
မရေမရာဝေဝါးခြင်းနဲ့
အချစ်ဒဏ်ရာမှတ်တိုင်မှာ....
ကျွန်မ ဆင်းနေခဲ့ရတယ်......မောင်။
ရွှေပန်းချီmdy
Pls.ကဗျာခေါင်းစဉ်လေးက ဆရာကြီးမင်းသုဝဏ်(1934 သြဂုတ်လ)ရေးဖွဲ့ခဲ့သော တွယ်ရာမဲ့ ကဗျာမှဖြစ်ပါတယ်။ဆရာကြီး ကဗျာကိုလေ့လာမှတ်သားရင်း ခေတ်အတွေးနဲ့ ပြန်လည်ရေးသားကြည့်ခြင်းဖြစ်ပါတယ်နော်။
ဆရာကြီး ကဗျာလေးက အရမ်းလှတယိ..
#တွယ်ရာမဲ့
..မထန်သာသည်
သူ့မှာ ကျွန့်တွက် ဆံတရွက်မျှ
ချစ်သက်ချစိငွေ့ မကျန်၍..
..မပန်သာသည်
သူ့မှာ ကျွန့်တွက်၊ မြူတစ်စက်မျှ
ကြင်သက် ကြင်ငွေ့ မကျန်၍..
..မြကန်သာစည်)
ဒုမ္မာကြာတော၊ ပွင့်မှလျှောသည်
ဟိုမျှောသည်တင် ၊ကြာချပ်သွင်သို့
ရှစ်ခွင်ရှစ်ဖက် ၊ ခရီးထွက်သည်
တွယ်သက်တွယ်ငွေ့ မကျန်၍။
(ဆရာကြီး မင်းသုဝဏ်.. သြဂုတ် ၁၉၃၄)