Wednesday, September 12, 2018
မန်းမြို့တော်တခို..အပြောရယ်ဆို
#မန်းရွှေမြို့တော်တခို..
.........အပြောရယ်ဆိုစမ်းပါ့လေး
ရွှေတို့မြို့တော်...ရွှေ့မြိုတော်ရေ
ရွှေတို့မြို့ပင်၊ မထင်အလျင်း
မချစ်ကင်းသူ၊ဤမြေလူလို့
အဘယ်မှာ ရှိအံ့ပေမည်နည်း...ရှင့်။
အရပ်တပါး၊ ရောက်ကာသွားလည်း
မမေ့ထားဘူး၊ရင်တွင်းစူးကာ
မန်းသူမန်းသား၊ အသံကြားရင်
ဆွေသား မွေးမေ တူသို့သာတည်း..။
အခုတော့လေ..
ရွှေတို့မြို့တော်...ရွှေမြို့တော်လေ
မည်ရင်းဂုဏ်နေ၊ ဘွဲ့ကြီးပေ၍
ရွှေငွေပေါလတ်၊ ပြောမတတ်လည်း
အတ္တ အတိ၊ လူ့ဒုက္ခိမှာ
စာရိတ္တ မာန်တိုင်၊ အခြေယိုင်ခဲ့
လုံခြုံမဲ့ကင်း၊ အဖြစ်ခင်းမှာ
နေပါသော်ငြား၊ ဖြေမပြေသား..ရှင့်
ဂုဏ်စပွေရှာ၊ ကဗျာမဖွဲ့
စာမချဲ့ဘဲ၊ နှစ်လုံးသားထဲမှာ
စူးနစ်နာကျင်၊ဖြစ်ရအင်သည်
မရွှင် ရွှေတို့မြို့အကြောင်းတည်း...။
ရွှေပန်းချီ (mdy)
ရွှေမြတ်နိုးသောချစ်ရပါသော မန်းမြေတခွင် သာယာအေးချမ်းစေဖို့ ဆုတောင်းပေးကြပါအုန်းရှင်။
Fb ရောက်ခြင်းပဲ စိတ်မကောင်းသတင်းနဲ့ ကဗျာဖွဲ့ရတာ ခွင့်ပြုပါနော်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment