Wednesday, September 12, 2018

မန်းမြို့​တော်​တခို..အ​ပြောရယ်​ဆို


#​မန်း​ရွှေမြို့​တော်​တခို..
.........အ​ပြောရယ်​ဆိုစမ်းပါ့​လေး

ရွှေတို့မြို့​တော်​...​ရွှေ့မြို​တော်​​ရေ
ရွှေတို့မြို့ပင်​၊ မထင်​အလျင်း
မချစ်​ကင်းသူ၊ဤ​မြေလူလို့
အဘယ်​မှာ ရှိအံ့​ပေမည်​နည်း...ရှင့်​။

အရပ်​တပါး၊ ​ရောက်​ကာသွားလည်း
မ​မေ့ထားဘူး၊ရင်​တွင်းစူးကာ
မန်းသူမန်းသား၊ အသံကြားရင်
ဆွေသား ​မွေး​မေ တူသို့သာတည်း..။

အခု​တော့​လေ..
ရွှေတို့မြို့​တော်​...​ရွှေမြို့​တော်​​လေ
မည်​ရင်းဂုဏ်​​နေ၊ ဘွဲ့ကြီး​ပေ၍
ရွှေ​ငွေ​ပေါလတ်​၊ ​ပြောမတတ်​လည်း
အတ္တ အတိ၊ လူ့ဒုက္ခိမှာ
စာရိတ္တ မာန်​တိုင်​၊ အ​ခြေယိုင်​ခဲ့
လုံခြုံမဲ့ကင်း၊ အဖြစ်​ခင်းမှာ
နေပါ​သော်​ငြား၊ ​ဖြေမ​ပြေသား..ရှင့်

ဂုဏ်​စ​ပွေရှာ၊ ကဗျာမဖွဲ့
စာမချဲ့ဘဲ၊ နှစ်​လုံးသားထဲမှာ
စူးနစ်​နာကျင်​၊ဖြစ်​ရအင်​သည်
မရွှင်​ ​ရွှေတို့မြို့အ​ကြောင်းတည်း...။

ရွှေပန်းချီ (mdy)
ရွှေမြတ်​နိုး​သောချစ်​ရပါ​သော မန်း​မြေတခွင်​ သာယာ​အေးချမ်း​စေဖို့ ဆု​တောင်း​ပေးကြပါအုန်းရှင်​။
Fb ​ရောက်​ခြင်းပဲ စိတ်​မ​ကောင်းသတင်းနဲ့ ကဗျာဖွဲ့ရတာ ခွင့်​ပြုပါ​နော်​။

No comments:

Post a Comment