နှင်းဆီဖြူ
ရဲ့
သမင်လည်ပြန်အလွမ်း
ထားခဲ့သူက ပြောဖူးတယ်
"အချိန်တိုင်းကို သတိရတယ်" ချိုသာစကား ရင်နားတိုးဝှေ့
လွမ်းစိတ်ဖြေပေး အနေဝေးလည်း ပျော်အောင်ပြောတတ်ခဲ့ပါတယ်
"နေကောင်းရဲ့လား စိတ်ပူနေတယ်"
ကြင်နာစကား အမြဲမနား
ဖုန်းကလေး မအားအောင် အကဲဆောင်လို့
ဘေးလူကြားတောင်ပြုံးလောက်တယ်
"နေရာတိုင်းမှာ မင်းမျက်နှာတဲ့"
ရာထောင်သိန်း ဂဏန်း အလှပန်းတွေ
ဘယ်လောက်လန်းလန်း သူမနမ်းဘူး
စွဲလမ်းစူးနစ် သိပ်ချစ်သတဲ့
ယုံကြည်အောင်လဲ ပြောဖူးတယ်
ထိုအတွက်ပင်
ထားခဲ့ရက်လည်း အသဲကွဲပါစေ
အံခဲဖြေခိုက် တိတ်တိတ်ရှိုက်ငို
မျက်ရည်စိုလူး သည်အဖြစ်ရူးကို
မြင်စေချင်ပါဘူး ချစ်သခင်. .
သံယောဇဉ်ကြိုး တိုးပြီးရစ်နွယ်
အချစ်နယ်မှာ ကာလမကြာ
ရယ်သံဆိတ်သုန်း ချစ်သူမုန်းလည်း
အပြုံးချိုကြည် ရင်မှာတည်ဆဲ
စွဲမြဲ အစဉ်
နှင်းဆီဖြူ ကျမ. . . .
လွမ်းတယ်. . . .ရှင်။
ရွှေပန်းချီ(Mdy)
No comments:
Post a Comment