့(((ငါက....အလှမ်းဝေးနေသေးသူ)))
ပွင့်ခဲ့တာကိုက
စိတ်နဲ့ကိုယ်နဲ့တကိုင်းစီ
တစ်ပင်ထည်းမှာ
မုဆိုးလဲငါ သားကောင်လဲငါ
ငါပဲဇတ်လိုက် ငါပဲလူကြမ်း
ငါ့ကိုငါ စောင့်ဖမ်းပြီး
ငါ့လက်ထဲကပဲ ငါထွက်ပြေး
ငါက တစ်ဖက်ကမ်းမှာရပ်နေပြန်
ကမ်းတဖက်က
ငါ့ကို ချစ်ရမလို မုန်းရမလို နဲ့
တလှမ်ချင်းအသိတရားကဖမ်းဖွဲ့ နှောင်
ငါ့ကြောင့်ခက်တယ်
ငါစိတ်က ငါ့ကိုမီးမွှေး
ငါ့ကိုငါကပဲ ပြန်ကာအုပ်ငြိမ်း
ငါ့စိတ်က မှီရာကိုင်းလှမ်း လှမ်းဆွဲနေလို့
ပလ္လင်ခွေထိုင်နေတဲ့ ငါ့ကိုငါ လေးမြတ်ချင်တာမို့ 
ဝင်သက်ထွက်သက်ကို ငါ့ဖာသာထိမ်းရင်း
အခုဆို
စိတ်မရှည်တာကိုတောင်
စိတ်ရှည်နေရတယ်။
ပွင့်ခဲ့တာကိုက
စိတ်နဲ့ကိုယ်နဲ့တကိုင်းစီ
တစ်ပင်ထည်းမှာ
မုဆိုးလဲငါ သားကောင်လဲငါ
ငါပဲဇတ်လိုက် ငါပဲလူကြမ်း
ငါ့ကိုငါ စောင့်ဖမ်းပြီး
ငါ့လက်ထဲကပဲ ငါထွက်ပြေး
ငါက တစ်ဖက်ကမ်းမှာရပ်နေပြန်
ကမ်းတဖက်က
ငါ့ကို ချစ်ရမလို မုန်းရမလို နဲ့
တလှမ်ချင်းအသိတရားကဖမ်းဖွဲ့
ငါ့ကြောင့်ခက်တယ်
ငါစိတ်က ငါ့ကိုမီးမွှေး
ငါ့ကိုငါကပဲ ပြန်ကာအုပ်ငြိမ်း
ငါ့စိတ်က မှီရာကိုင်းလှမ်း လှမ်းဆွဲနေလို့
ပလ္လင်ခွေထိုင်နေတဲ့ ငါ့ကိုငါ လေးမြတ်ချင်တာမို့ 
ဝင်သက်ထွက်သက်ကို ငါ့ဖာသာထိမ်းရင်း
အခုဆို
စိတ်မရှည်တာကိုတောင်
စိတ်ရှည်နေရတယ်။
No comments:
Post a Comment