Sunday, March 8, 2015

လတပေါင်းပွဲခံ...... ရွှေစာရံ no191

 
 
လတပေါင်းပွဲခံ...... ရွှေစာရံ

မြန်မာတ၀ှမ်း ၊ ရွှေရောင်လွှမ်းထား
ဘုရားစေတီ ၊ ရွှေအစချီက
လတပေါင်းမှန် ၊ ပွဲပေါင်းခံတဲ့
ရှေးကစကား ၊ မှတ်သားနာယူ ချဉ်းကပ်ယူ...ရှင့်။

သာယာပြန့်ပြော ၊ ယာလယ်တောလေး
စိမ်းစိုအေးချမ်း ၊ နယ်မြေဆန်းသော
မန်းမြို့ အရှေ့ဖက် ၊ ကုန်းအတက်မှာ
ရွှေရောင်ဝင်းမိုး ၊ စေတီတန်ခိုး
ဖြိုးမောက်စေတွင် ၊ ပြည်တခွင်သာတည့်။

ပုဂံပြည့်ရှင် ၊ မိဘုရားတွင်သည့်
စောမွန်လှတပါး ၊ တည်ထားကိုးကွယ်
အသွယ်သွယ် နှင့် ဓါတ်တော်ကိန်းခ
နားပန်သမှ ၊ ဌာပနာပြုခံ ရွှေစာရံ.....

့(ကျွဲနဖား)တောင်အောက်
၊ရေကြည်ဖောက်သည်
့(ဒုဋ၀တီမြစ်)ရေခွေဆင်း ၊ ဦးတိုက်ခြင်းနှင့်
နတောင်းကျခေါ် ၊ ချောင်းရေသထား
စံပါယ်ကြွားသည် ၊ ရွှေစာရံဘုရား ဂုဏ်ကျော်ကြား၏

လတပေါင်းစံ ၊ ပွဲပေါင်းခံသည်
ရွှေစာရင်းပေါက် ၊ လွန်တွင်မောက်သမို့
စည်ကားသိုက်မြိုက် ၊ စံတင်ထိုက်
ပျိုတိုင်းကြိုက်သည်.့
့(ထန်းရွက်)ပုတိးအလှ၊ ရောင်စုံကျနှင့်
ရွှေငါးလေးထိုး ၊ ထန်းရွက်ချိုးလျက်
ဗူးခြောက်ရေခံ ၊ အလှစံ လို့
ဒေသထွက်ကုန် ၊ ပေါင်းပေါင်းစုံ၏

ဓလေ့ထုံးသုံး ၊ မုန့်ခေါင်းအုန်းလေး
ထန်းလျက်ချိုဆန်း ၊ ထွေးထွေးသန်းလျက်
ရောင်းသူပျိုဖွေး ၊ ရှမ်းမလေးက
မ၀ယ်လဲစား ၊ ၀ယ်လဲစားနော်
အပြောချိုဝဲ ၊ စကားသဲကအလှတဖြာ၏
မန်းမြို့အကုန် ၊ နယ်ပယ်အစုံ
ပျော်စုံနှောချင်း ၊ သွေးသားရင်းများ
မနာအောင်တ၀ ၊ နှုတ်စကြသည်
ယောက်ဖ ယောက်မ ၊ ချစ်နှမနှင့်
ချောင်း၏ရေတွင်း ၊ လှေစီးရင်း
ရေတွေစွဲစို ၊ နှမပျိုရယ်
သက်မကြိးထင် ၊ ထန်းပုတီးဆင်လို့
ရွှေစာရံပွဲ ၊ လာရောက်နွဲက
နတ်ပြည်ထက်ပါး ၊ ဇာတိဖွားလို
နုနယ်ပျိုမြစ် ၊ ရွှေရင်သစ်...ရှင့်။

လာလယ်ပါနော် ၊ ဖိတ်၍ခေါ်သည်
ဆွေသဟာရင်း ၊ အပေါင်းသင်းများ
အိမ်ပြန်သွားလည်း ၊ လည်မှာဆွဲပြီး
ထန်းပုတီးလှ နှင့် ဗူးခြောက်ကလေး လက်ဆောင်ပေးမည်...
အညာလက်ဆောင် ၊ ရွှေ့လက်ဆောင်....ရှင့်။

တပေါင်းလပြည့်နေ့အမှတ်တရရေးဖွဲ့ပါသည်။
အကိုမောင်အမညီအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုအင်ဆန္ဒတွေ တပေါင်းလပြည့်ဝန်းကြီးလို ပြည့်ပြည့်၀၀
လှပစွာ ရနိုင်ကြပါစေလို့ ရွှေပန်းချီက ဆုတောင်းပေးပါတယ်..
— with အချစ် မိုးဆွေ, Princess Hlaing, Lann Bo and 84 others.

No comments:

Post a Comment