Sunday, March 8, 2015
နံနက်ခင်းရဲ့ စပယ်တခင်း no.193
နံနက်သဘင်
နံနက်ခင်းဝယ်
မိုးမင်းဗျူဟာ ဆုတ်တုံ့ခွာ၍
ရာဇာနေနီ ရောင်လွှတ်ချီသော်
တီတာချိုနု ငှက်ဆွေစုလည်း
ညုတုံ နွဲ့တုံ ဝိုင်းတော်ချုံမှ
တီးဗုံ ပတ်သာ နှဲတံမြွာသို့
ညံစာကြွေးရင့် တင့်လည်းတင့်၍
ဝင်းဝင့်ပြိုးပြောင် ဤ ပညောင်လည်း
အရောင်ပြေးလျှပ် ငွေရည်ခတ်သော်
မိုးနတ်သူဇာ ဤအခါဝယ်
ဘုံသာဆောင်မှ ဆင်းလာကြွ၍
သီ က နေမည် ပါ တကား။
ဇော်ဂျီ
ဖေဖေါ်ဝါရီ ၁၉၃၂
့========
စံပယ်ဖြူ
တင့်လှပေသည်
မြရည်စို့စို့ အရွက်တို့လည်း
မိုးသို့မျှော်ကာ
သူ့မာလာနှင့်
ပဏ္ဍာဆက်သ
ရွှင်ရွှင်ပျသည်
ဝင်းပစံပယ် ဖြူဖြူတကား။
ဇော်ဂျီ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment