Sunday, March 8, 2015

ရာသီစာအလွမ်း...နွေမှတ်တမ်း no.188


ရွှေ ရဲ့ ဒုတိယမြောက် နွေကဗျာလေးပါရှင့်

ရာသီစာအလွမ်း...နွေမှတ်တမ်း
့(၁)

သရက်တွေဖူး
သည်နွေကူး
လေရူးတွေလဲ ဝင်ခဲ့ပြီ......

သံချိုသာနှော
ရွှေဥသြ
ငိုပြောသံကြောင့် လွမ်းရပြီ....

ပင်ညောင်ညိုအောက်
အခေါက်ခေါက်
မျှော်ရောက်ပေါင်းလဲ များခဲ့ပြီ....

ရော်ကာရည်မှန်း
ဖော်ကွာလှမ်း
ဘယ်ကမ်းဘယ်ဆီ မသိပြီ....

အော်
ရာသီကပေး
အလွမ်းတေး
ဆိုရေးရင်းနဲ့ လွမ်းရပြီ.....မောင်။
ရွှေပန်းချီ

No comments:

Post a Comment