မနွမ်းသော...ပန်းသခင်
တောင်ထက်ကျောက်ကြား၊စီငြားမ သွေ
ဆရာကောင်းမြတ်၊ ညီအပ်တူပေ
စိမ့်စမ်းအိုင်လှ ၊ အေးမြသလေ
သောက်သုံးသူတိုင်း၊ မဆိုင်းစိတ်ရွှင်စေ။
လူသူအများ ၊ မခြားရှောင်ကာ
ညင်သာလို့လဲ ၊ သူဆွဲရာပါ
သူ့ဝန်သူထမ်း ၊ ပင်ပန်းပေတာ
သူ့ဘဝ ရှုက မြတ်လှစွာ။
စာပေခရီး ၊ မြှောက်ချီးမြင့်တင်
တပည့်များကို ၊ ကောင်းစေလိုချင်
မနောဖြူသန် ၊ နန္ဒာ ကန်သွင်
အတုံ့အလှဲ့မဲ့ ၊ မနွမ်း မေတ္တာရှင်။
ရွှေပန်းချီ
ရွှေကို ကဗျာတွေရေးချင်အောင် သင်ကြားပေး အမှားတွေပြုပြင်ပေး အကြားအမြင်ဗဟုသုတစုံအောင် သင်ကြားပြသပေးပါသော ရွှေချစ်ခင်လေးစားရတဲ့ ဆရာ ဦးဝင်ဦးကို နှစ်သစ်အကြို အဖြစ် ရွှေ ဒီကဗျာလေးနဲ့ ကျေးဇူးတင် ကန်တော့ပါရစေ
ဆရာအကိုကြီး ဝါသနာပါရာ မြတ်ဆရာအဖြစ် ကျန်းမာရွှင်လန်းစွာနဲ့ ပျော်ရွှင်ပါစေရှင့်။
ီ
တောင်ထက်ကျောက်ကြား၊စီငြားမ

- You, Zaw Min Tun, Mãta Le, မိုးသောက် and 343 others like this.
No comments:
Post a Comment