Sunday, March 8, 2015

ရင်ကိုခတ်သော...နွေတေးသံ no189



ရွှေပန်းချီရဲ့ တတိယမြောက် နွေအလွမ်းလေးပါရှင့်
ရင်ကိုခတ်သော...နွေတေးသံ
့(၂)

ချစ်သူရေ......
နွေလေသရမ်း
ရော်ရွက်နွမ်း
ကြွေပန်းတွေလည်းများခဲ့ပြီ.......

လေချိုသံနှော
ဥသြပြော
ချစ်သောသူများဆွေးကြသည် .......

 
အဖေါ်မဲ့တည်
ဆိုဖွဲ့သီ
တူညီလွမ်းမည်ထင်ပါသည်.......

ချစ်သူကိုယ်ပွား
ပုံရိပ်ထားလည်း
့်လွမ်းအားများကဖြေမဆည်......

မြင်မြင်ရာဆီ
နွေပန်းချီကြောင့်
လွမ်းပြီနွမ်းသည်နွေရာသီ......ရှင့်။
ရွှေပန်းချီ


No comments:

Post a Comment