ရွှေ့ရဲ့ နွေရာသီ ခါတော်မှီအဖွင့်ကဗျာလေးပါ..
နှောင်းဟေမာန်ကုန်...နွေဦး စုံ
ဆောင်းကူးကုန်စ ၊ နွေဦးလတွင်
မြရည်တဝက် ၊ ရွှေရည်ဖက်လျက်
ရော်ဝါတောလုံး ၊ ညိုခြောက်သုံးသား
ပင်လုံးပုရစ် ၊ သာနှုတ်ဟစ်ပြ
မြည်ကြွေးဥသြ ၊ လွမ်းသံရော၍
ပတ်လည်တခွင် ၊ ပတ်ဝန်းကျင်လည်း
နွေငွေ့တံလျင် ၊ သက်ဝေကြင်အား
ထင်မိမှား၍ ၊ တမ်းသော်မမေ့
အောက်မေ့မျှော်တ ၊ ညှိးနွမ်းသခဲ့
နေ့တာလည်းရှည် ၊ လွမ်းစည်စည်သည်
နွေသွေးရာသီ လွမ်းငွေ့ညီ။ ။
ရွှေပန်းချီ
ရွှေချစ်ခင်သော ဆရာအကိုအမ သူငယ်ချင်းတို့ရေ ဆောင်းရာသီကုန်လို့ နွေရာသီလေးရောက်ပြီမို့ ရွှေပန်းချီ နွေကဗျာလေး တွေ ရွတ်ဆိုသီဖွဲ့တော့မယ်
- အချစ် လုလင်, Nay Thu, မင်းထက် သူ and 398 others like this.
No comments:
Post a Comment