နွေ...ကပွဲ
နွေသရုပ်ပန်းချီကားနောက်ခံ
နွေသဏ္ဍာန်တွေခင်းပြ
နွေသီချင်းတွေမြိုင်ထတွေနဲ့
နွေတနေ့တမနက်ခင်းတွေမှာ သတ္တလောက နိယာမအလျောက် အသက်ရှင်ခြင်း လက်ခံမိလို့ တနေ့တာအထာကျ ကပြရမှာပါပဲ။
ဒါကြောင့်
မောဟကို တွဲလျက် သဲရေစိမ့်အိုးနဲ့ စက္ကူယပ်တောင် တချောင်းဆွဲ အေးရာအေးကြောင်းတွက်ပြီး တွဲကမလား......
လောဘ ဒေါသဦးဆောင် အဲကွန်းလေကလေးနဲ့ ရေခဲသေတ္တာရေသောက် ဂုဏ်မောက်မောက်နဲ့ မာနတပါး တွဲကမလား......
စိတ်ကလေးကိုဖြူစင်ထားမေတ္တ္တာ
သစ္စာတရားအဖော် တယောက်နဲ့ ပွဲဝင်မလား...
သူငယ်ချင်းရေ..
နွေကပွဲရဲ့ ဇတ်ခုံထက်မှာ
မင်းဘယ်မင်းသမီးတလက်နဲ့တွဲက
ရွှေပန်းချီ
Unlike · · Stop Notifications · Share
- You, Myat Noe Maung, အချစ် လုလင်, Song Hamen and 264 others like this.
No comments:
Post a Comment