Tuesday, June 23, 2015

227 (((စံပယ်...မေလေး)))့(((မေလေး....စံပယ်)))


 
ရွှေချစ်ခင်ရသော သူငယ်ချင်းတို့ရေ ကဗျာပုံစံတမျိုးလေး ရေးထားတယ်နော်

့(((စံပယ်...မေလေး)))
စံပယ်ဖူး
ထူးလို့လန်း
ပန်းခက်နွယ်
ကြွယ်အလှ
ခ-အဆင်း
လင်းလက်ဖြူ
ူလူသူ မက်
သက်ထက်စု
တုနှိုင်းပို
လိုထက်လို
ဆို..ဆိုပါလေမလား..။

မေခင်ပျို
စိုလှလှ
ခ-နေခြည်
ရည်လဲ့လဲ့
နွဲ့အဆင်း
ထွင်းဖောက်ငှင်
ယဉ်ကိုဟန်...
တန်ဖိုးဖြတ်
မှတ်ရေးရယ်
လွယ်ရေးမလွယ် လေလား။

့(((မေလေး....စံပယ်)))

စံပယ့်ပြိုင်
လှိုင်ရွှေပျို
ညိုဟန်ဟန်
မာန်သွယ်သွယ်
ထယ်ပါနဲ့ ထယ်နဲ့လေး။

မေစံပယ်
ရွယ်လှတာ
့(သင်္ခါ)တရား
မှားမရှိ
သိအမှန်
ကြံတွေးရှု
သူ့-မာန
ကျလေခန်း
လန်းမရွှင်
ခင်-့နောင်တ
ရပါနဲ့ရနဲ့.......လေး။
                            ရွှေပန်းချီ
ရွှေ ဝဲရိုက်-ဝဲသွင်းပုံစံ ဒီကဗျာလေးကို အသင်သဘောလေးရေးတာပါနော်။ 
အမှားများပါခဲ့ရင်ဆရာ ဆရာမများကခွင့်လွှတ်ပါရှင့်။
— with U Sein Oo, Thwe Teza, ရုပ်ဆိုး သူ and 78 others.

226 ချစ်ခင်မြတ်နိုးရသော အဖေ


 
ရွှေချစ်ခင်လေးစားရသော သူငယ်ချင်းတိုရေ ဒီနေ့လေးကဇွန်လရဲ့တတိယအပတ် တနင်္ဂနွေနေ့ကလေး ကမ္ဘာအဖေများနေ့လို့ သတ်မှတ်ထားပါတယ်။ မင်္ဂလာရှိသော မနက်ခင်းလေးပါပဲ။ တကယ်တော့ဒီလိုသတ်မှတ်စရာလိုမယ်မထင်ပါဘူးနော်။မနက်အိပ်ရာထ ညအိပ်ရာဝင်ကျေးဇူးရှင်မိနှဲ့ဘကို လူတိုင်းအမြဲကန်တော့နေကြတာပါနော်။ ဒါမို့လူမှုဗဟုသုတ အသိလေးတိုးစေပါရန်အတွက် တင်ပြပါတာပါ။ကဗျာလေးကိုဒီထက်မကရေးချင်ပေမယ့် ရွှေ့ကျန်းမာရေးကြောင့်မို့ပါရှင်။

ချစ်ခင်မြတ်နိုးရသော အဖေ

မာတာပီတ အမိနဲ့အဖ
ကျေးဇူးသဖို့ ဘယ်ရေးထိုထိုမစွမ်းဆိုလဲ
မှန်းတမ်းတရေး ကဗျာလေးနဲ့
အဖေများနေ့ထူး ဖူးလိုက်တယ်.....ရှင့်။

မိမေတ္တာတူ အဖညီတူလျက်
မလျော့အချစ် အမြဲသစ်ပါ
မယွင်းသာ...တည့်။

ပင်ကိုယ်ဗီဇ သဘာဝက
မာန်ထန်ဟန်လည်း ရင်သွေးသားပေါ်
ပိုးသားတလီ ကတ္တီပါနီသို့
နုညံအိထွေး ချစ်ပါသေး...ရှင့်။

မေတ္တာအမိုး ချစ်ထာတိုးလို့
ဖေ့မိသားစု ပုစုခရု တို့
ဝမ်းရေးဆူလှ ပိုလျှံသအောင်
ဖေ့ချွေးတစည် ဘာမထီသား
အပြုံးများနဲ့ သုံးစားတတ်သူ
အာဂလူ....ရှင့်။

ချစ်သောဖေဖေ မာပါစေကြောင်း
ဆုချွေတောင်းစကား
ရင်ဝယ်ထားရင်း
ငါတို့သည်လည်း ပြုစုလုပ်ကျွေး
အနှေးမငြိုငြင် စိတ်ပျော်ရွှင်အောင်
ထားနိုင်တဲ့သူ ဖြစ်ရလူဟု
တို့တတွေဆုတောင်းရွက်ဆောင်စို့....ရှင့်။
ရွှေပန်းချီ

ဒီကဗျာလေးနဲ့အတူ ဖေဖေမေတ္တာက်ုညွှန်းဖွဲ့မမှီသော်လည်းပင်လယ်တွင်းက သဲအစုံရဲ့ သဲတပွင့်မျှကျေးဇူးဆပ်ရရင် ကိုကျေနပ်ပီတိဖြစ်ရပါတယ်ရှင့်။
— with Moemyint Thukha, Thu Hlaing, Naybhun Thaw and 85 others.

225 ရွှေ့ရင်ထဲက ရွှေမန်းမြေ


 
 
 
 
 
 
 
 
 
 
 
 
ရွှေ့ရင်ထဲက ရွှေမန်းမြေ

ရွှေတို့မြေ ဌာနက
စာသလို့ ဆွေမောင်မယ်
ဖိတ်လိုက် ချင်တယ်။

မျိုးမာန်ရယ်ကြွယ်
ထယ်ဝါတဲ့ မြို့ကြီး။

 
တံတိုင်းကရွှေရေးဟန်
ရေကျုံးကာအရံနဲ့
ခါယမန် အာဏာဖြိုးခဲ့တယ်
မိုးတဲ့ ရွှေထီး။
ရွှေပန်းချီ

224 ချစ်မိသူ့ရင်မှာ...ထာဝရ


 
 
ချစ်မိသူ့ရင်မှာ...ထာဝရ

နံနက်ခင်းရဲ့ ရောင်စဉ်ဖျော့
အလင်းကျော့ကျော့ လေးနားပုန်းလျက် ကွယ်လျက် 
သတိရခြင်းလေးက ရုပ်ဖျက်လို့လိုက်ခဲ့ပေးပါ......

အသက်တခါရှုသွင်းထုတ်တိုင်းတခါခုန် 
ရင်ပုံမှန်အဆုန်အဆန်အကြိမ်နှိုင်း 
တမ်းတလှိုင်းလေးက ရိုက်ခတ်ပေးပါ....

ညဉ့်နက်ဝတ်ရုံ အမှောင်တံတိုင်းကိုဖေါက်ထွင်း
 လေပြေညှင်းနဲ့အတူအောက်မေ့ခြင်းလေး သတင်းပေးဖို့ရှိနေခဲ့ပါ...

စောင်းကလေးမှာ ပိုးကြိုးတတ်
နင့်နဲစွာ တီးခတ်တိုင်း သံစဉ်လှပသလို နှလုံးသားကို 
သံယောဇဉ်ကြိုးတပ် တွယ်တာခြင်းနဲ့ တီးခတ်တိုင်း 
ချစ်သောသံစဉ် ကမ္ဘာတင်ပေးပါ.......

ချစ်သူရေ......
အစဉ်သာ.....ရင်မှာတမ်းတ
်အကြင်နာတွေက ထာဝရ
ထာဝရပါ..နော်။
ရွှေပန်းချီ
— with မိုး ဦး ယံ, Owen Khant, Lin Yar Zar and 69 others.

222 ရင်မှာပြိုကျတဲ့...မျက်ရည်





ရင်မှာပြိုကျတဲ့...မျက်ရည်

မောင်......
ကြင်နာသမျှ
တွယ်တာအစကို
ရင်မှာ ခဝါချလိုက်တော့မယ်လေ...

သံသယတခင်း
ဆုံတွေ့တိုင်းရှင်းနေရတာ
ခုန်နေတဲ့ချစ်ခြင်းတောင်ပျောက်ပျက်ပြယ်

ဦးစားပေးထားတိုင်း
အနိုင်နဲ့ပိုင်းနေတော့
ဆိုင်းသွယ်ထားတဲ့ သံယောဇဉ်ကြိုး
အစိမ်းလေတွေက တိုးတိုက်ခတ်တယ်

တကယ်ဆို
အရင်လူကို မနာလိုမဲ့အစား
နားလည်မှုတရားကို ဦးစားပေး
ပျော်နေရေးကို တွေးသင့်တယ်

သိပ်ချစ်လို့ သဝန်တိုစိတ်
ယိုဖိတ်နေပေမယ့်
သိက္ခာတရားရဲ့ကမ်းပါး ထိတိုက်စားတာများလာရင်
သမုဒယငြမ်းစင်လဲ ယိုင်နဲ့ချင်လာတယ်

ဒီတော့လေ......
တွယ်တာသမျှ
အကြင်နာတွေမပြ
ကွယ်ရာကသာ
လွမ်းလိုက်ပါရစေတော့....မောင်။
ရွှေပန်းချီ်
— with Khin Maung Tint, Htarwa Ya, Chit Oo Maung and 42 others.
Unlike · Comment · Stop Notifications · Share

221 ယဉ်တကိုယ်..အပြုံး


ယဉ်တကိုယ်..အပြုံး

ပုသိမ်ထီးရယ်နဲ့
ဟန်ကြီးတဲ့ သူဇာဆွေ
ပြုံးလှ ပျိုမေ။

ယဉ်ပလေ
ကိုယ်နေ အလှထူး။

သနပ်ခါး မှုန့်တမှုန်နဲ့
ရူပါရုံ အမြင်ဆန်းတယ်
လန်းကျော့ ယဉ်မှုး။
ရွှေပန်းချီ
— with Myint Zaw, Aung Lan Thar Lay, Lwint Way Eaing and 69 others.



220့ ((အနိုင်မယူလိုသူပါ...မောင်))



့((အနိုင်မယူလိုသူပါ...မောင်))


မောင်....
မင်းအချစ်ကိုလေ
တစ်ကောင်ကျွေးလို့ တစ်ချက်ခုန်
အလှည့်ကြုံရင် စားစတမ်းလို့
မေတ္တာမဲ့သူတွေ လက်ကမ်းတဲ့ ကျားကွက်ဆန်းဆန်းတွေကြောင့်
ရင်ခုန်ရပ်ဝန်းကို ထွေမခင်းပါနဲ့...နော်

တကယ်ချစ်ရင် အရှုံးပေး
နှလုံးသွေးနဲ့ရင်း......
စစ်မင်းဆိုတဲ့ နပိုလီယန်ကစ မောင်...ချစ်တဲ့ဖေဖေထိ
ချစ်သူရှေ့မှောက်ဒူးထောက် ဖူးရောက်ခဲ့ရသူတွေပါပဲ....

အနိုင်ယူသူ သခင်တဆူက
ရင်ခွင်သရဖူမှာ ထီးဆောင်းမင်းပေမယ့်
ီမီးမောင်းတွေထိုးကာ မင်းပြန်ကြည့်
ရာဇဝင်ကစ အခုထိ
တကယ်ချစ်သူကို တကယ်ချစ်ခဲ့တဲ့သူက အနိုင်မယူဘူး
မဆိုင်သူပြောစကား မင်း..ယုံစားပါနဲ့

ချစ်သူအပေါ် အနိုင်ကလေးတဆစ် ပြောမဖြစ်ပေမယ့်
တန်ဖိုးထားချစ်အသိ ရင်ဝယ်ငြိလို့ 
ပီတိခ ချစ်မျက်ရည်တစ်စက်
ရင်ခွင်နန်းထက် တလက်လက်နဲ့ 
နိုင်တော်မူခဲ့ခြင်း...မဟုတ်ရပါ မောင်။

ရွှေပန်းချီ
— with အမည် မသိ, မင်္ဂလာ ကဗျာ, မင်း ဒဿ and 63 others.
Like · Comment · Stop Notifications · Share

219 ဥယျာဉ်မှုးနဲ့ ပန်းလေး


ဥယျာဉ်မှုးနဲ့ ပန်း

တော်ဝင်ပန်းကလေးရေ.....
မခူးရက်တာ
ဆူးချက်နာမှာကြောက်လို့မဟုတ်ဘူး...

မဆင်ရက်တာ
ပင်ထက်မမှီတာ မဟုတ်ဘူး......

မနမ်းရက်တာ
ပန်းသက်ကြွေမှာစိုးလို့ မဟုတ်ဘူး....

ခင်ချင် ဆင်ချင် ယုယချင်လဲ
ငါ့အတွက်သာ အသက်တမျှ တန်ဖိုးထား မျှော်ကိုးစားတာက အိမ်မက်နန်းတော်
ပန်းအလှအခင်းအကျင်းက ငါ့ဘဝအတွက် ပျော်ရွှင်ခြင်းနေရာတခု့
အရိပ်ကြည့်ကာ ချစ်ရကြောင်းကို
ရေလောင်းပေါင်းသင် အလှဆင်လျက်
ဥယျာဉ်မှုးလို ချစ်ပါတယ်.....

ဒါပေမယ့်လေ...
ဥယျာဉ်မှုး ပန်းမခူးရလို့ ဥပဒေမရှိ
အပင်နဲ့ပန်း အစဉ်လန်းလျက်တွေ့ချင်
စိတ်ဘဝင်ထား မြတ်နိုးတရားကို
တမင်လက်သရမ်း ဝင်လာကာကြမ်းရင်
ပန်းကဗျာလေး အထိမပေးဘူး
ငါကိုယ်တိုင်ခူး ငါပဲဦးမယ်
ဥယျာဉ်မှုးလဲ ပန်းခူးတတ်တယ်....။
ရွှေပန်းချီ
— with Kyawsoe KO, ဘုဏ်းမြတ် မင်း, Nicky Lin'Vn and 66 others.



218 (((အင်ကြင်းတခက်ရဲ့ စေညွှန်ရာ...........))



((((အင်ကြင်းတခက်ရဲ့ စေညွှန်ရာ...........))
စူဠသုဘဒ္ဒါ

အစွယ်တစ်စုံရင်မှာပိုက်
စိုရှိုက်တဲ့ မျက်ရည်
ဘေးတသိုက်လူမသနားတဲ့ ငိုပွဲ
သုဘဒ္ဒါ နွဲခဲ့ရပြီ မောင်တော်သခင်ရေ....

ဘုန်းသမ္ဘာဖြည့် ပါရမီတော်ရယ်
မယ်စူဠသုဘဒ္ဒါ အဖြစ်ဆိုးဘဝ
ဘယ်လောက်ထိအောင် ရ ရမှာလဲ
ရာဇဝင်မှာ မိန်းမယုတ် သိမ်းထုတ်ကာစာတင်ခဲ့ပါပေါ့လေ...

မင်းဆဒ္ဒန်သခင်ရယ်က....
ပန်းအင်ကြင်းနဲ့ အချစ်ဆု
အပြစ်ခုမိတာက ဘုရားကျမ
မှားကြတာက တခဏပင်မဟုတ်
ဗိုလ်ပုံလယ် ရံရွေတစ်သောင်းကြား
ခါချဉ်ကောင်များကြောင့် အရှက်တော်ရယ်ပို အမျက်တော်သိုလျက် ရွှေရင်နာရ
စူဠသုဘဒ္ဒါဘဝပါ အရှင်....

ရှင်ပစ္စေကမြတ်အရှင်ထံပါး...
ပန်ကြားရင်းဆုယူ
နောင်တဘဝတဆူတွင်မတော့
အနိုင်လိုသူအမုန်းမာန် အသက်ပြင်းတောင်
်ခံနိုင်မထား နိုင်ရာစေစားသူဖြစ်လိုပါ၏..ဘုရားလို့
အချစ်ကြီးသူ အမိုက်မ
အမှားနောင်တ မရခဲ့ပါလား မြတ်သောအရှင် ဆဒ္ဒန်သခင်ရယ်...

ဘုရင့်မိဘုရား တဖန်လူဝင်စားတာမို့ အတိတ်ရယ်ကဝဋ်ကြွေးငင်
အမုန်းပင်ထပ်ထပ်ပျိုးပြန်တော့
သေစေကာ အစွယ်ချိုး
လိုအင်သာပြည့်စေမျိုးမို့
ရက်ရောစွာကြည်ဖြူအပ်
မိမိငယ် စိတ်တော်စေလိုရာအရပ် အစွယ်ဖြတ်ပေးသတဲ့လား သခင်....

ချစ်သောသခင် ဆဒ္ဒန်အရှင်ရယ်..
မုန်းလို့မဟူ ချစ်လွန်းသူတို့
မတူယှဉ်တွဲ အချစ်ပွဲမှာ
အားငယ်အငုံစိတ် မြုံချက်ကပေါက်ကွဲ
သမုဒယနယ် အမှောင်တောထဲက
မျက်ကန်းမမြင် ဘဝ
မေတ္တာသခင်ရဲ့ အချစ်ကို လွဲမှားစွာ
အသဲဖျားနာလို့ မှတ်ယူခဲ့ပေမယ့်
အချစ်သက်ကတော့ မပြစ်ရက်ခဲ့ပါဘူး သခင်ရယ်....

ရာဇဝင်မှာ ကညစ်ထိုး မယ်စူဠသုဘဒ္ဒါအဖြစ်မျိုး မိန်းမဆိုးလို့
လက်ညှိးထိုးပြောကြစမ်းပါစေ..

ချစ်သူရဲ့ ဥပက္ခာအချစ်ပန်း
ဟန်ဆောင်မနန်းဘူး
အစွယ်တထူးနဲ့ ရူးပါရစေသား...

ချစ်သောသခင်...ဆဒ္ဒန်အရှင်ရယ်။
ရွှေပန်းချီ
ဗုဒ္ဓဝင်)) နောက်ခံစာလေးမို့ အဆင်မပြေတာများရှိပါက ခွင့်လွတ်ဖတ်ပေးပါနော်။
— with Naing Oo Bo, Maung Nyan Linn, Min Nya and 78 others.





216အဖြည့်ခံပန်းတပွင့်ရဲ့ ချစ်ခြင့်း (သမ္မူလ မင်းသမီး)


အဖြည့်ခံပန်းတပွင့်ရဲ့ ချစ်ခြင်း
့(သမ္မူလ မင်းသမီး)

နှလုံးသားနဲ့ နာတော်မူပါ
ချစ်သောသခင် ထီးလှိုင်ရှင်....

ပုဂံမှာပျော် ကြောင်ဖြူခေါ် မြိုင်ချေရပ်က
ရှင်မထီးတူမ သမ္မူလပါ မင်းကျန်စစ်ရယ်...

တောရိပ်တောင်ခန်း အေးချမ်းသာယာ
ဘဝအမော ဘယ်သောဘယ်ခါ
ပူလောင်အသိ တကယ်မရှိခဲ့
ပကတိအဖြူသက်သက် သမ္မူလရဲ့ နှလုံးသားက          အသစ်စက်စက်ပါ မောင်တော်......

ကံကြမ္မာတချက်စမ်းအရိန္ဒမာလှံထမ်း
သမုဒယချစ်ငြမ်းတင် ကျွမ်းဝင်ကာ ဆင်မိ
ပုဂံသူ သမ္မူလ ပေထက်စာဝင် ဦးဆောက်ပန်းသခင်....လို့
မင်းကြီးထီးလှိုင်ရှင် ဘုန်းတော်ဘွဲ့သ
ရာဇဝင်က မိဘုရားတစ်ပါး ပါ် ကျန်စစ်ဘုရင်ရယ်..

မေတ္တာတော် ဂဟေဆက်
ရွှေလက်တော် ထွေဖက်ပေမဲ့
ချစ်သခင်က အဝေးသို့နှင်
လွမ်းလို့ပင် ကျန်ရစ်ချေပေါ့
မျက်ရည်တို့ရဲ့အဖော် လက်ဝတ်တော်
ရတနာတကွင်းနဲ့ နှစ်ပါးမျှတဲ့သံယောဇဉ်အကြွင့်း "မယ်မင်း...သားဖော်လက်တော်ကိုဆွဲ
နန်းပုဂံထဲ ဝင်လာစေသား" မှာကြားစကားကြောင့်ရူး.. မြတ်စိန္တေဦးမှာ ဆုတောင်းအလီလီ သားတောင်းသည်ဘဝ အမောင်မြင်ရပါရဲ့လား သခင်....

သားတော်နဲ့အတူ နန်းဦးဆီသို့
ဦးတိုက်ခစား မော်မဖူးသာဘူး
စီးကျထွေထွေ မယ့်မျက်ရည်က ဝမ်းသာဝမ်းနဲ ငိုမစဲရင်း
ဘယ်သင်း ဘယ်တောက နန်းမသို့ဝင် ငါထီးလှိုင်ရှင် အသေရေပျက်ရ အမျက်တော်များရှခဲ့လေမလား မောင်တော်ဘုရား ရယ်....

ပုဂံပြည့်ရှင် သမုဒယသခင်က
မော်ဖူးစေသား အကြည့်တော်ထားမှ
သမ္မူလမျက်နှာ ငွေနှင်းကြာ....သိ
ဒီမိန်းမငယ်ကျေးဇူး အထူးထူးရှိမို့
သားဦးနဲ့ သက်လျာကို ကမ်းဆက်
ဦးဆောက်ပန်းတော် အမည်သက်လို့ သီရိဘုဝနအာဒိစ္စရာဇာဘွဲ့ခံ ကျန်စစ်မင်းရဲ့ မိဘုရားမဟေသီ တြိလောက ဝဋံသကာ သမ္ဗူလ ဒေဝီတပါးခစားလျက်ပါ မောင်မောင်...

သို့ပေမယ်ငဲ့....
လန်းမရွှင်သာ မောင့်မဟေသီများကြား
တွေးရင်းသာ ရင်နာရပြန်ပ ဥဿာသူခင်ဦးအချစ်ပွဲ
သခင်သစ္စာနဲ့လဲခဲ့လို့ အဝေးလွင့်
အဆိပ်သင့်တဲ့""အမောင့်နှလုံးသား သမ္မူလကိုအစားထားသတဲ""့
ကုစားစရာ အဖြည့်ခံ အလွမ်းပြေတောင် သက်သေခံထား ဘုရားနှမတစ်ပါးပါလား မောင်တော်ရယ်...

ပုဂံပြည်တခွင် သာသနာပွင့်လန်း
အနုပညာပန်းတွေလှ အံ့မခန်းစွာသ့
ဘုရားစေတီအနန္ဒာတော်က မဏိစန္ဒာအပေါ်သစ္စာထားပြ တည်ထားရသလို
အပယ်ရတနာမိဘုရားငယ်ငယ် စိတ်တော်ရယ်ဖြေစေဖို့ အပယ်ရတနာဘုရားတစ်ဆူ တည်ပေးတော်မူခဲ့လေသတဲ့လား မောင်တော်ရယ်....

သံသယရဲ့သားကောင်ငယ်က အကျွန့်ရင်ကို အငှားကိုး အစားထိုးခံ အလွမ်းပြေအသိနဲ့
ပုဂံဘုရားအဆူဆူ ဖူးသော်မပြေလျ
ပြည့်စုံလှတဲ့ ပုဂံနန်းတော်
မယ်သမ္မူမပျော်ပိုက် ခံစားချက်ထွေထွေက ရင်ဝခိုက်တာမို့ နှလုံးတော်မှာအနာရ
ချစ်သူနဲ့တကွ သားမောင်ပယ်
မျက်တော်ရယ်ကွယ်ကာပြု
သေရွာသို့စုတေခဲ့ပြီ မောင်တော်........

မင်းကျန်စစ်ရယ်....
့"ချစ်တတ်လွန်းသူရဲ့ ရောင့်ရဲခြင်း
စည်းစိမ်သက်နှင်းများ မဟုတ်ရပါဘူး"

့ချစ်ရသူရင်ခွင်ညှာနန်းထိပ် ပုန်းအိပ်လို့ပိုင်စိုး သက်ပိုင်ရွယ်ကိုးခြင်းမို့...

မယ်သမ္မူ ချစ်ခြင်းစကား
နှလုံးသားနဲ့ ကြားနာတော်မူပါ...

့""နောင်သံသရာ ဘဝအဆက်ဆက် အဖြည့်ခံပန်းသက်သက် ဖြစ်ရခြင်းထက် မဆုံလေဆုတောင်း.....
မယ်သမ္မူ တောင်းကောင်းပါသလား""
ချစ်သော သခင်...
ထီးလှိုင်ရှင်ရယ်..။ ။
ရွှေပန်းချီ
ရာဇဝင်သမိုင်းအထင်ကရှိတာမို့ ရွှေစိတ်ကူး စာပန်းချီလေးကအမှားပါရင်ခွင့်လွှတ်ပေးပါနော်။
— with ရင်ငြိမ်းပွင့် စလင်း, Thu Hlaing, Saythu Shin and 83 others.