Tuesday, August 4, 2015

236 မနက်ဖြန် နဲ့ တစ်ဘဝ


မနက်ဖြန် နဲ့ တစ်ဘဝ

သူငယ်ချင်း......
မမြင်နိုင်တဲ့ မနက်ဖြန်
ခက်ထန်တာတွေ မျောစီးလို့
မပြီးသေးတဲ့ နှုတ်အရသာနဲ့
ရင့်သီးစွာထားရင် စကားအချည်းအနှီးသာ အဖတ်တင်တာ့မပေါ့ ....

မကြားနိုင်တဲ့ မနက်ဖြန်
အထက်ဆန်တာတွေး ဖြည့်ဆီးလို့
မာနထီးကို တံခွန်ထူနေရင်
အတ္တကြီးသာ သိမ်းပိုက်မိမှာပေါ့....

ပိုင်ဆိုင်မှုပြရုပ်တခုချင်းကိုထုတ်နုတ်ရရင်
ကွန်ချက်ကိုဖောက်ရေသာနောက်သလို
ပျောက်တဲ့ငါးတွေကြီး အပိုင်စီးမနေနဲ့
ငါပိုင်တဲ့ ငါ ပါ
သုဿန်မြေမှာ
ဗလာတန်ဘိုး တမတ်ဖိုးနဲ့ရောင်း
ခန္ဓာကိုယ် အဟောင်းပါ သူငယ်ချင်း..

မနက်ဖြန်ရဲ့ မနက်ဖြန်အတွက် ထက်သန်စွာ စိတ်မစောနဲ့ မနက်ဖြန်ထက် နောက်တစ်ဘဝက
မျက်တောင်တချက်အချမှာတင်
အသွင်ပြောင်း ကိန်းအောင်းကာ သွားနိုင်တာမို့

့(((ငါသည် မုချသေရမည် အချိန်ပိုင်းသာ လိုတော့သည်))..။
ရွှေပန်းချီ

— with Nilar Lay, Ni Ni Mon, Aung Phyo Phyo and 67 others.

No comments:

Post a Comment