ငါတို့ကြွေးကျော်ပါတယ်....
မေးချင်ပါရဲ့
ကံကြမာတဆစ်တပိုင်းမှာ
ဘ၀တွေရိုင်းလောက်အောင်
မျက်ရည်တွေပြိုင်းပြိုင်းကျ
မယှဉ်ရအောင် ဒူးထောက်ပြတာကို မင်းအရသာခံတတ်ဖို့ လုပ်ခဲ့တာလား....
ပြောချင်ပါရဲ့....
အထက်အညာဒေသအပိုင်း
မင်းမခင်တွယ်လေတိုင်း ပျပျသာချန်ရစ် ရေလက်တဆစ်ရဖို့
ယက်ကျင်းမှာပုန်းအောင်း မင်းမျက်စောင်းတောင် ထိုးထိုးသွားတုန်းကလဲ
ငါတို့ လိုက်ဖမ်း တနေခမ်းအောင်လက်တဆုတ်စာမှုတ်နဲ့ ချော့ခေါ်
မင်းပျော်အောင်လုပ်ပြိးလဲ ယူရပါတယ်...
မှတ်ထားပါရဲ့.....
တသက်မှာ တခါဆုံတဲ့ မင်းရဲ့အဖြစ်မျိုး ရင်ကျိုးအောင်ခံခဲ့ရဖို့ တန်ခိုးပြတာကြောင့်
ငါတို့ဖိုးဖွား ဖေမေကစ မောင်ထွေး ညီမအသက်နှင်းဒုကခ စာငတ်ဘ၀နဲ့
သိုက်မြုံကွဲကျေ အထွေထွအတွက် ရေအသက်တမနက် ကျေးဇူးတောင်မဖက်ချင်တော့ဘူး
သဘာဝရန်သူအခင်းအကျင်း ရိုးတွင်းထိအောင် မှတ်ထားမယ်
ငါတို့ကြွေးကျော်မယ်...
မင်းလုပ်ရပ်တွေ ရိုင်းစိုင်းတာမို့
ငါတို့သွေးချင်းတွေ မှိုင်းထိုင်းသွားဖို့
မင်းမပျော်လေနဲ့ မမျှော်လေနဲ့...
ခေတ်စနစ်ပြောင်း အသိဟောင်းတွေ မဟုတ်တော့ဘူး
ကံကိုသာရိုး အဖြစ်ဆိုးလို့ ဖြေတွေးမထိုင် နေနိုင်တော့ဘူး
ပရဟိတစွမ်းအား အခြေခံမေတာတရားက
ငါတို့သွေးသစ်များ လင်းလက်သွားနေတာမို့
စာနာသနား ငါတို့ခွန်အား ဖေးမကြင်နာရှက် ငါတို့လက်နက် လျော့မတွက်နဲ့
လှေခွက်ကျန်ထိ အလံမလဲ ငါတို့ဆက်လက် ရှိနေကြမယ်
ငါတို့ ခွန်အား သောင်းထိုက်ကြားပါစေ.......
No comments:
Post a Comment