Friday, August 21, 2015

No..245 ရွှေအားတော် နွဲ့ပါရဲ့.....

  ရွှေအားတော် နွဲ့ပါရဲ့

ငယ်ရွေးကော်ဖော်..နတ်သျှင်ကိုယ်တော်လေးရယ်
မှားခဲ့ပြီ
နောင်တမရချင်ပါဘု...ဓာတုအရှင်ဒေ၀ီအလှမှာကွယ်
ဗွေမဆင် ရွှေရင်အသိက ... နွေအ၀င် ပုရစ်ဖူးသစ်သလို
တဖက်သား ကလေးငယ်သာရယ်မို့
သဒါပို ဆိုဆိုတွေးသာပ.. သက်သခင်လို ကနက်ခွင်
တင်လိုက်မိတယ် မှားလေရော့လား။

ကလျာမေ သဇင်ခက်မှာလ
အို..ရှက်ဖွယ် ဆိုစကားရယ်နဲ့
မျက်နှာတော် ကြာခြည်မကွယ်သာဘု
သခင်နှင့်သာ ကြင်သင့်ရာလား
နတ်သျှင်မောင် ယောင်တဘုန်းက
စကားကြွယ် နှုတ်ရေးရယ်ချယ်ပါဘိ
..နန်းလက်တင် ရွှေပင်မြင့်ဆီက
မဥူခိုင် ပိုင်ပိုင်နမ်းချင်ပ
နွဲမယ့် သက်ဆုံး...။

စေတနာတကယ်ပင် ပြည့်ရော့သလား
ကြင်မယ့်သူ ရွှင်သာကြည်ပေမယ့်
မေ့အသက်တော် လေးဆယ်ကျော်မို့
စိတ်ကလေးရယ် နုနုသီ
ညွှတ်ညွှတ်လျက်ကယ် ပလီ
ဝဋ်ကြွေးရယ် ဖြာညီဖန်သလား
ဘယ်ဌာနီ ဘယ်စံနန်းမှာ
တူနှစ်ဖြာယှဉ်နေဖို့ မှန်းလဲ
ကြည်ကြည်သာ အလိုမပြည့်နိုင်ဘူး
လာလမ်းသာ ပြန်တော်မူပါ့
ငြင်းဆိုသာ မျက်ဖြေတိတ်လို့ရယ်
ဓာတုကလျာ ဘ၀င်လေးလှတယ်
တွေးလို့ကြောက်ဆုံး။
                             ရွှေပန်းချီ

No comments:

Post a Comment