ကျမ ချစ်သူရေ
မျှော်လင့်ချက်တွေလင်းလက်
တချိန်ချိန်မှာ ခရီးဆက်
အတူတူနေသွားကြမယ်....လို့
ပေးဆပ်ချင်းတွေနှင်းအပ်
လေးမြတ်ချင်းတွေ တေးထပ်
အတူတူနေသွားကြမယ်....လို့
နားလည်မှုတွေသိမ်းဆည်း
ယုံကြည်မှုတွေရင်းနှီး
အတူတူနေသွားကြမယ်....လို့
ရိုးသားမှုတွေစွဲထင်
အေးချမ်းမှုပေးဆင်
သူ့ရင်ထဲမှာ ကိုယ်သာလျှင်
အမြဲလင်း နှိုင်သောလူ
တစ်ယောက်သောသူအဖြစ်
ကျမချစ်သူရေ....
အတူတူနေသွားကြမယ်....လို့..နော်။
ရွှေပန်းချီ
No comments:
Post a Comment