ရွှေတို့လိမ္မာ အသိဝေဖြာဖို့
ကျေးဇူးရှင်များ ဆိုရိုးစကားက
စကား(၃)ခွန်း စုကာသုံးရင်
အမျိုးဘာသာ လူမှုရွာမှာ
ကြည်သာရွှင်ပ နေသမျှ...ရှင့်
မြစ်ကြီးမခမ်း သစ်ပင်လန်း
ထုံးအိုးတမ်းလဲ မကွဲစေ
မလွဲစေတဲ့ စေတနာစကား
ရွှေဥမင်ဆရာတော်ကြီး ဆုံးမသား..ရှင့်
မြစ်ကြီးမြစ်ရေ တွင်တွင်ဝေသလို
တောင်ပေါ်မြေအောက် အလျှင်စီးပေါက်
တစ်ယောက်စေတနာ ဣသာခွာလို့
တူမကွာထပ်ထား မေတ္တာတရား..နှင့်
ကြီးမာသစ်ပင် အေးရိပ်လွင်
ခက်လက်ဝေဆာ ဘုရားတရားသံဃာမို့
သစ်တပင်ကောင်း ငှက်သောင်းသောင်းမျှ
အေးချမ်းရသလို ဆက်ပွားပိုစေ
လက်ဆင့်ကမ်းကာစောင့်ရှောက်ေ
ထုံးအိုးပမာ ဓလေ့အဖြာဖြာလည်း
မပျောက်မကြား အစဉ်လေးစားလျက်
မိရိုး ဖလာ တို့အမွေသာမှာ
လိုက်နာကျင့်ထုံး ရွှေပန်းကုံးလို
အဆင့်ဆင့်ပွား လွန်လှသား..မို့
ရွှေတို့ နေရာ ပြည်မြန်မာဝယ်
စကားသုံးသွယ် ရင်မှာနွယ်လို့
မောင်ရင်းနှမငယ်
ပျော်ကြမယ်...ရှင့်။
ရွှေပန်းချီ
No comments:
Post a Comment