Sunday, November 8, 2015

No. 253 နဒီအလွမ်း ပန်းချီ့အလွမ်း



နဒီအလွမ်း
ပန်းချီ့အလွမ်း

လမ်းဆုံးရင် ရွာတွေ့
မြစ်ဆုံးရင် ပင်လယ်ကွေ့လို့ ပြောကြတဲ့ စကား ကျမတို့နှစ်ယောက်အတွက် အရင်ကတည်းကမကြားနာခဲ့ရပါဘူး....

မတူညီတဲ့ ဘဝနှစ်လေးနှစ်ခုက
အစုန်အဆန်သွားတဲ့ လှေနှစ်စင်း မြစ်ခင်းအလယ်ဦးတိုက်လို့တွေ့ခဲ့တာပါ......

အစုန်သမား သူ့အတွက် နေသာလေလာရင် အဆင်ပြေတဲ့အချိန်
ကျမအတွက်က အဆန်မှာ တက်ထိုးလက်ကျိုးအောင်လှော်ရချိန်ပေါ့.......

ဒါပေမယ့်လည်း.....
မြင်သာခဏ ကြင်နာတွေစခဲ့တာ
ရင်နာရလဲ ကျေနပ်ခဲ့ပါတယ်....
တဖြည်းဖြည်း ကျောခိုင်းဝေးရင်း မဆုံသောခရီးပန်းတိုင် အပြီးတိုင်ရောက်ဖို့မျက်ရည်စို့စို့ အသာတို့ရင်းသက်ပြင်းကိုချ
ဘဝကလကာရှေ့မှာ ကိုယ်စီဆက်ကကြမယ်လေ......

တနေ့ နေပေါ့.......
နဒီဝင်္ကပါ တပတ်သာလည်ခဲ့ရင်လည်း
ကျမတို့နှစ်ယောက် အရင်လိုပဲ
တဖက်စီနှုတ်ဆက် ရမှာလား...??
တဦးကကွေ့လှော် ခရီးဖော်အဖြစ် အတူလိုက်လေမလား...??
နဒီအလွမ်း ပန်းချီအလွမ်း
မှန်းဆတထင့်ထင့်
လွမ်းဆင့်ဆင့်
ကမ်းလက်မဝင့်တဝင့်ပါ..ချစ်မိသူ
ရွှေပန်းချီ
ပုဂံအလှ မြစ်ဧရာတဖက်ကမ်း တန့်ကြည့်တောင်တန်းအလှတွေနဲ့ ပန်းချီ
— with Nan Da Aung, Min Naing, Shwepont Lay and 24 others.

No comments:

Post a Comment