Monday, August 8, 2016

မောင့် ဘရဏီ




             မေ ဘရဏီ

ကိုယ့်ရင်ထဲက ငုံနေတဲ့ ပန်းဖူး အရူးအမူးပွင့်အောင်
ဆတ်ကနဲ တောက်သွားခဲ့တာ
မင်းပါ. . . ဘရဏီ

ညဉ့်တိမ်လွှာအိမ်မက် ကယောက်ကရက်ဖြစ်အောင် အိပ်မွေ့တန်ခိုး အဆန်းဆန်းပျိုးခဲ့တာလဲ မင်းပါ. . . ဘရဏီ

ကိုယ့်နှုတ်ခမ်းက သွန်းချလာမယ့်
ရင်ခါးမြစ်တစင်းရဲ့ တုန်ရီသံတွေမှာ
ဝါကျချို့တဲ့ စေခဲ့တာလဲ
မင်းပါ. . . ဘရဏီ

ကိုယ်မျက်ဝန်းတစ်စုံရဲ့ အလင်းညွှန်းတန်း
ဆုံမှတ်တွေခန်းအောင် ညှိ့ချက်ကပြင်း
လောကအလှတခုလုံး သိမ်းသွင်းသွားတာလဲ
မင်းပါ. . . ဘရဏီ

ရှိပါစေတော့လေ. . . . . .
ကိုယ်ကတော့ မင်းဖန်ဆင်းပေမယ့် အနာဂတ်တစ်ခုမှာ ပါးချိုင့်လေးပေါ်ကခုန်ဆင်းလာမယ့် ပဉ္စလက်ရယ်သံနဲ့အတူ ကိုယ့်ဝိညာဏ်ကိုချော့သိပ်လိုက်တော့မယ် ဘရဏီ။
                            ရွှေပန်းချီmdy

အိုးးးမေဘရဏီ လို ရွှေပန်းချီတောင် လက်မှိုင်ချရသကိုး မမမိုးး
 သီချင်းပေးပြီး ပုံပို့တဲ့ ဝင်းဦးလင်း thitsar A Lin ကျေနပ်မယ်ထင်ပါရဲ့

No comments:

Post a Comment