Monday, August 8, 2016
ဆန္ဒမွန်ဖြင့်. .
ဆန္ဒမွန်ဖြင့်. . .
လောကတံထွာ၊ လူတို့ရွာတွင်
ကပ်တွေကများ၊ ရိက္ခာဆွံ့ပါး
စာရေရှားသည့် ၊ တရားခံအား
ရှာကြပါလေ ရှာပါလေစို့။
တရားခံရှာက
လောဘစရိုက် ၊ ဒေါသလိုက်ကာ
ကိုယ့်ကောင်းစားဖို့ ၊ ငါတွက်သို့
ကိုယ်ကိုထိပါး ၊ အသက်တခြား
လုပ်ရဲသတ်ဖြတ် ၊ ထိပ်ဆုံးခတ်
တတ်ပရိယာယ် ၊ ဖန်နည်းသွယ်ဖြင့်
ငါကြွယ်ဝထား ၊ လူတပါးဟု
မလျှော့စိတ်ဓါတ် အပူဟတ်... .သရှင့်။
သူတပါးဝန်တို ၊ ဖျက်ဆီးလို၍
မကြံအပ်ကောင်း ၊ ကုန်စည်ရောင်း
ငါမျိုးငါ့ဆွေ ၊ ဝမ်းလှစေဟု
မလျှော့စိတ်ဓာတ် အပူဟတ်. . ရှင့်
သည်အပူအား ၊ တသောင်းများကြောင့်
တတ်သရွေ့ မှတ် ၊ တရားမြတ်မေ့
လောင်ငွေမီးတိုက် ၊ တဖြိုက်ဖြိုက်က
သဘာဝမိခင် ၊ သူ, ကဆင်သော
ရာသီလေမိုး ၊ ပြည်မဖြိုးဘူး
ငြိမ်နေရေထု ၊ လေမစုပဲ
တောတန်းမင်းတောင် ၊ အားလုံးမှောင်၍
လူဘောင်လောက ၊ ဒုက္ခများရ
ထောက်ဆဆင်ခြင် အတွေးဝင် . . .သရှင်။့
ပူတတ်မီးကြီး ၊ လောင်ပွားစီးလျက်
ူမေတ္တာဓာတ့်ခြုံ ၊ တရားဝတ်မှုန်
ထုံထုံကူးလူး ၊ ဝေသီဖူး၍
ငါတို့မြန်ပြည် ၊ သာဝေစီဖို့
လျှော့ကြ ဖြည့်ကြ ပေးယူမျှလျက်
ငါတို့အဖြေ ရှာကြစို့. . . ရှင့်။
Sent from my Huawei Mobile
No comments:
Post a Comment