Wednesday, October 26, 2016

လမင်းငယ်. . . ဝမ်းမြောက်ပါစေသောဝ်




လမင်းငယ်. . .
ဝမ်းမြောက်ပါစေသောဝ်

ထမင်းရေချောင်းစီး၊ မြို့ကြီးအလှူ
ဗြောတီးစည်တီး၊ ဆိုင်းကြီး ဆိုင်းငယ်
အပြိုင်အသောင်း၊ ဝတ်ကောင်းစားလှ
စိန်ပြ ရွှေပြ ၊ လင်းလက်လှသည့်
ဒါန လှူမျိုး၊ ကြိတ်ကြိတ်တိုးမှ
တန်ဖိုမြင့်သည် ဆိုမလား. . .ရှင့်

ိစေတနာစိတ်၊ ကုသိုလ်ဟိတ်သည်
ဖြူစင်တံခါး၊ ဖွင့်သောငြားသို့
လှပကင်းစင်၊ လေကောင်းဝင် .. .သရှင့်

စေတနာအမှု၊ လုပ်ဆောင်စုသည်
သေးသောညောင်ရွက် ၊ ညောင်ပင်ခက်သို့
သဒ္ဓါခံ့ခိုင်၊ တုပနိုင်. . ရှင့်

သိုကလို၍
ပညာဒါန၊ မျှဝေသမည့်
သာသနာမည်၊ ဖြာဝေစီသို့
ရည်မျှော်စိတ်မှန်း၊ ဒါနခန်းကို
သာဓုလီလီ၊ ပန်းနှယ်သီ မိ
ညီမ(လမင်းလေး). . .
ဝမ်းမြောက်ပါစေသောဝ်. . . . ။
ရွှေပန်းချီmdy
ညီမလမင်းလေး(ခေတ္တ စင်္ကာပူ)လှူသော
-ဓမ္မကထိကသင်တန်းအတွက် စာအုပ်အလှူ
-ဓမ္မစကူးလ်အတွက်ငွေပဒေသာပင်အလှူ
အား သာဓုခေါ်ဆိုပေးနိုင်ပါစေနော်

No comments:

Post a Comment