Wednesday, October 26, 2016

ဒေဝစ္ဆရာ. . . နွယ်




ဒေဝစ္ဆရာ. . . နွယ်

နန်းဆန်ပ
လှမြတ်ဆင်း
လင်းလဲ့ကာ
ဖြာဝေစီ
ကြည်ရုပ်ဆင်း
သင်းပျံထုံ
စုံပွင့်ဖူး
ထူးပေဟန်
သဏ္ဍာန်ယူ
တူပေသား
မှားယူအပ်
နတ်ထံဖွား
(တစ်ပါး) ထိပ်ခေါင်
မှောင်ကေသာ
ဖြာကိုယ်လုံး
မှုန်းမှုန်းတင့်
(ခင့်)ကျက်သရေ
သွေမပျက်
နေချက်သန်
မြန်မာဆန်
ဟန်ပန်မှု
စုထိပ်တင်
ယဉ်သမျှ
လှပါရက်
ထက်နေခြည် ဆန်းစွလေး။

ထိုထက်မူ
ကူပြန်ငြား
ငါးသီလ
*ပဉ္စင်္ဂကို
ပိုစွာပ
* သဒ္ဒါထု
*သုစရိ
*တိက္ခသူ
ယူသည့်စိတ်
ထိပ်မြင့်ခေါင် မြတ်ကွဲ့လေး။
ရွှေပန်းချီmdy
*သဒ္ဒါထု= သဒ္ဒါတရားထုထည်ကြီးမား
*ပဉ္စင်္ဂကို= သီလငါးပါး
*သုစရိ= ကောင်းမြတ်သောအကျင့်
*တိက္ခသူ= ထက်မြက်သူ
အထက်ပါ ပါဌိစကားလုံးများမှာ မဃဒေဝလက်သစ်ခက်ဆစ်အဖြေစာအုပ်မှ ဖြစ်ပါသည်။

No comments:

Post a Comment