Sunday, October 8, 2017

မိကဗျာ...သို့




#မိကဗျာသို့.......

#အားပြင်းတဲ့ ဝိုင်​​တွေ
အနံ့အရသာနဲ့ အဆီတဝင်းဝင်းအသားဟင်း​တွေက
တကယ့်​အရသာ စစ်​စစ်​မဟုတ်​ပါဘူး.....မိကဗျာ

#ထူးအဆန်းအံသြစရာ​တွေ
သူမတူ​အောင်​လွန်​ကဲမှု​တွေနဲ သာမာန်​ထက်​ပိုလွန်​​အောင်
ဖန်​တီးပြုလုပ်​ပြနိုင်​​နေတာလည်း
ပညာရှင်​စစ်​စစ်​ မဟုတ်​ပါဘူး....မိကဗျာ

#စွဲလမ်းတက်​မက်​မှု​တွေ
ဆန်းပြားတဲ့စွဲ​ဆောင်​မှုနဲ့ အလှအပ​တွေကလည်း
ကြံစည်​ဖန်​တီးမှု​တွေ​ကြောင့်
အလှစစ်​စစ် မဟုတ်​ပါဘူး....မိကဗျာ

တကယ့်​အရသာစစ်​နဲ့ ပညာရှိစစ်​ ဟာ
သာမန်​အစားအစာနဲ့ သာမာန်​လူတစ်​​ယောက်​ပါ..
တကယ့်​ သဘာဝသည်​သာ အလှစစ်​ရဲ့ အမှန်​တရားဖြစ်​​လေရဲ့.....

မိကဗျာ...​ရေ
ငါ့ရင်​ဘတ်​ထဲက ပန်းတပွင့်​က နင့်​အတွက်
သာမန်​လူတစ်​​ယောက်​ရဲ့
သဘာဝတရား အမှန်အစစ်​​ပါ....မိကဗျာ။

ရွှေပန်းချီmdy
(18.8.17)

ရွှေ ချစ်​ခင်​ရ​သော ​ရွှေအမျိုး​တွေ အားလုံးကို နှုတ်​ဆက်​ပါတယ်​ရှင်
အေးချမ်းပါ​စေ...

No comments:

Post a Comment