#ချစ်..ပြုံးလဲ့ပြာ#
ပုန်းညှက်စပယ်ဖူး ပွင့်ပုံထူး.....
ကြည်နူးရင်မှာ အေးမြတယ်
ပန်းဥယျာဉ်က လှနေတယ်...။
စကားဝေဆဲ ဇွန်ပွင့်မြဲ....
ခဝဲကမြူး ခတ္တာကူး
ခြွေခူးကြံပ ညွှတ်ပါကွယ်...။
ဝဿန်းမိုးခက် တစက်စက်....
တွဲလျက်ခေါ်ရာ မနေသာ
ဆင်းသက်မြေမှာ ကြွေပါတယ်...။
လေပြေတသင်း တိမ်မကင်း....
လျှပ်ဝင်းလက်စွာ အရောင်ဖြာ
ညိုမှောင်ကာသာ ရွာတော့တယ်...။
ပွင့်သစ်နုဆဲ ပန်းပြာလဲ........
ရွက်ထဲငုံ့ရင်း ပြေးပုန့်ဆင်း
ရှက်ပြုံးတုံ့တုံ့ ပြုံးနေတယ်....။
ရွှေပန်းချီ(mdy)
#ဥသြသံချိုဆင့်# ကဗျာလေးလို့ ခေါ်ပါသတဲ့။
့ဆရာကြီးတွေရေးသားခဲ့တဲ့ပုံစံလေးကို လိုက်နာမှတ်သား လေ့လာသင်မြင် လျက်ရေးဖွဲ့ကြည့်ပါတယ်နော်။
အမှားပါပါက ရွှေ အရေးအစပ်လိုအပ်ချက်သာဖြစ်ပါတယ်ရှင့်။
No comments:
Post a Comment