Wednesday, January 17, 2018

ပန်းမွန့်​မာလာ


#ပန်းမွန့်​မာလာ..

ခင်​၍မဟူ.....
ဤဇဗ္ဗူဝယ်​ တရား​ရေစင်​ အစဉ်​သိ​ပေမယ့်
လောကကို ခင်​တွယ်​မိသူဖြင့်
အသိဥာဏ်​ကူ အတူပွားပါလို့
ဝတ်​တွား ဆုတင်
ယဉ်​ပါ​ပေ့ နွယ်​​လေး....

ထင်​၍မယူ...
ကျော့​ကျော့ငယ်​ သ​ရေကြွားပါဘိ
ချမ်း​မြေ့သူ ​ငွေလမင်းရယ်​က
သဲ့သဲ့ရယ်​ သံသာကျူးတဲ့အခါ
အိပ်​စက်​ရာ ညကမ္ဘာထိ၊လာညှိ၍ ခုံမင်​မင်
ဘဝင်​တွင်​ စိတ်​​ပြေး။

ယှဉ်​၍မိသူ...
ခင်​ပျိုနွယ်​ ဆံစထက်​က လျှပ်​လျှပ်​ကယ်
ဖြူဖြူဝင်းပါတဲ့
ငွေနှင်းရည်​ စံပယ်​အုရယ်​က
နုနုနယ်​ ပါးအိုက​လေးနဲ့
လှ​သွေးကို ယှဉ်​ကာလုပြန်​​တော့
ကညာဂုဏ်​ ကြည်​ကြည်​ဝင်းလို့ရယ်
နွဲ့ချင်​ရဲ့​လေး။

((​မေတ္တာညွန့်​ညွန့်​၊ဖြိုးဖြိုးကွန့်​သည်
ပန်းမွန့်​မာလာ သို့နှယ်​တကား။
.....ဆရာကြီး မင်းသုဝဏ်​၏ ပွင့်​​တော့ပွင့်​ပြီ...ကဗျာထဲမှ #ပန်းမွန့်​မာလာ စကားလုံး​လေးအား နှစ်​သက်​မိပါသဖြင့်​ ကဗျာ​ခေါင်းစဉ်​အဖြစ်​ ယူသုံးမိပါသည်​။)
ရွှေပန်းချီ(mdy)




No comments:

Post a Comment