Wednesday, January 17, 2018
ပန်းမွန့်မာလာ
#ပန်းမွန့်မာလာ..
ခင်၍မဟူ.....
ဤဇဗ္ဗူဝယ် တရားရေစင် အစဉ်သိပေမယ့်
လောကကို ခင်တွယ်မိသူဖြင့်
အသိဥာဏ်ကူ အတူပွားပါလို့
ဝတ်တွား ဆုတင်
ယဉ်ပါပေ့ နွယ်လေး....
ထင်၍မယူ...
ကျော့ကျော့ငယ် သရေကြွားပါဘိ
ချမ်းမြေ့သူ ငွေလမင်းရယ်က
သဲ့သဲ့ရယ် သံသာကျူးတဲ့အခါ
အိပ်စက်ရာ ညကမ္ဘာထိ၊လာညှိ၍ ခုံမင်မင်
ဘဝင်တွင် စိတ်ပြေး။
ယှဉ်၍မိသူ...
ခင်ပျိုနွယ် ဆံစထက်က လျှပ်လျှပ်ကယ်
ဖြူဖြူဝင်းပါတဲ့
ငွေနှင်းရည် စံပယ်အုရယ်က
နုနုနယ် ပါးအိုကလေးနဲ့
လှသွေးကို ယှဉ်ကာလုပြန်တော့
ကညာဂုဏ် ကြည်ကြည်ဝင်းလို့ရယ်
နွဲ့ချင်ရဲ့လေး။
((မေတ္တာညွန့်ညွန့်၊ဖြိုးဖြိုးကွန့်သည်
ပန်းမွန့်မာလာ သို့နှယ်တကား။
.....ဆရာကြီး မင်းသုဝဏ်၏ ပွင့်တော့ပွင့်ပြီ...ကဗျာထဲမှ #ပန်းမွန့်မာလာ စကားလုံးလေးအား နှစ်သက်မိပါသဖြင့် ကဗျာခေါင်းစဉ်အဖြစ် ယူသုံးမိပါသည်။)
ရွှေပန်းချီ(mdy)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment