Wednesday, January 17, 2018

ဘူတာရုံအမှတ်​ ၁၅၀၀


နောက်​ဆုံးထွက်​ခွာသွားတဲ့
ရထား​လေးကို အပြစ်​တင်​ဖို့ မရှိတဲ့ ဘူတာတစ်​ခုပါကွယ်​...
ခါးသက်​​နေတဲ့ ရင်​ဝှက်​ပန်း​တွေစုစည်း
ပန်းစည်းလက်​​ဆောင်​​တောင်​ မ​ပေးလိုက်​ရဘူး​နော်​...
မက်​​နေအုန်းမယ့်​ အိမ်​မက်​များစွာထဲမှာ
ကြယ်​​ကြွေတာမြင်​တိုင်း ငါဆု​တောင်း​နေမိအုန်းမှာပါပဲ....
ရက်​စက်​တဲ့စကားလှိုင်း​ကြောင့်​ ဖြတ်​ကနဲပြိုကျသွားတဲ့ ရင်​ခွင်​နန်း​တော်​အတွက်
တခမ်းတနား အသဲကွဲပြခွင့်​လည်း မရခဲ့ပါဘူး...
ရိုးသားတဲ့ ငါ့သိက္ခာတရားကိုမှ ​ငွေပုံသွန်း ​ရွှေယွန်းကလဒ်​မှာ ချိတ်​ထားတဲ့
ပန်းချီကားတချပ်​လို ယမကာတခွက်​နဲ့ကို အရသာခံကြည့်​မတဲ့လား
ထားလိုက်​ပါ​တော့​လေ....
ငါ့ရင်​ဘတ်​ထဲမှာ အခုထက်​ထိလည်း မယူဘဲရခဲ့တဲ့ ဒဏ်​ရာ​တွေက...
လှလှပပ ရှင်​သန်​ဆဲ...
လှလှပပ အဆိပ်​သင့်​ဆဲပါ.....​မောင်​။

No comments:

Post a Comment