#တီတာချိုနု......လွမ်းရတုရှင်
မွှေးကြူပျံ့လှိုင်၊ ကြာပန်းခိုင်၌
လှနိုင် မျက်သွယ်၊ မိမိငယ်လည်း
ဆင်းရွယ်မျစ်ပျို၊ ပွင့်စစိုလျှင်
အေးချိုရနံ့ ကမ်းဆင့်သည်။....
လစန္ဒိမာ၊ ကြယ်များသခင်
ပြညိ့ဝန်းရှင်ကား၊ အာကာထက်မှ
ရောင်ဝါဖွေးဖွေး၊ နှင်းအေးမြကို
ယု ယ ခုံမင် ထွေးပွေ့သည်။...........
ခွန်းချွေပါဘိ၊ ချိုသည့်သံစဉ်
လေတင်ရာနှော၊နုညှက်ညောညော
ကြားသည့်ဘဝင်၊ငြိမ့်ခိုဝင်၍
တွယ်ငြင် ကြည်စိတ်ပေါ်တော့သည်။.......
လရောင်အေးအေး၊ပန်းကလေးရွှေကြာ
တေသံသာတို့၊မေတ္တာလှိုင်၍
အပြိုင်သစ္စာ၊မြဲပါစေကြောင်း
မေ ဆုတောင်းသည်
ထပ်လောင်းအေးစေ လျှမ်းပါစေ.......ရှင့်။
ရွှေပန်းချီ(mdy)
No comments:
Post a Comment