Wednesday, January 17, 2018

တီတာချိုနု..လွမ်းရတုရှင်


 #တီတာချိုနု......လွမ်းရတုရှင်

မွှေးကြူပျံ့လှိုင်​၊ ကြာပန်းခိုင်​၌
လှနိုင်​ မျက်​သွယ်​၊ မိမိငယ်လည်း
ဆင်းရွယ်​မျစ်​ပျို၊ ပွင့်​စစိုလျှင်
အေးချိုရနံ့ ကမ်းဆင့်​သည်​။....

လစန္ဒိမာ၊ ကြယ်​များသခင်
ပြညိ့ဝန်းရှင်​ကား၊ အာကာထက်​မှ
ရောင်​ဝါ​ဖွေး​ဖွေး၊ နှင်း​အေး​မြကို
ယု ယ ခုံမင်​ ​ထွေး​ပွေ့သည်​။...........

ခွန်း​ချွေပါဘိ၊ ချိုသည့်​သံစဉ်
လေတင်​ရာ​နှော၊နုညှက်​​ညော​ညော
ကြားသည့်​ဘဝင်​၊ငြိမ့်​ခိုဝင်​၍
တွယ်​ငြင်​ ကြည်​စိတ်​​ပေါ်​တော့သည်​။.......

လ​ရောင်​​အေး​အေး၊ပန်း​က​လေးရွှေကြာ
တေသံသာတို့၊​မေတ္တာလှိုင်​၍
အပြိုင်​သစ္စာ၊မြဲပါ​စေ​ကြောင်း
မေ ဆု​တောင်းသည်
ထပ်​​လောင်း​အေး​စေ လျှမ်းပါ​စေ.......ရှင့်​။

ရွှေပန်းချီ(mdy)


No comments:

Post a Comment