Monday, February 19, 2018

မသိတာလည်း မဟုတ်​တာ​လေ


#မသိတာလည်း..မဟုတ်

ဘဝအတွက်​ အဓိပ္ပာယ်​ တစ်​ချို့...
နှလုံးသားအတွက်​ အချစ်​တစ်​ချို့....
ဥ​ပေက္ခာအတွက်​ မာနတစ်​ချို့....
ရှင်​သန်​မှုအတွက်​ ​ဖြေဆည်​ရာတစ်​ချို့...
တစ်​ချို့...တစ်​ချို့..ကို ပါးပါး​လေး..
လှီးထုတ်​ ခဲ့ရတယ်​...
တစ်​ခါတစ်​​လေ မျက်​နှာမှာရယ်​​ပေမယ့်
ရင်​ဘတ်​အိမ်​မှာ အဆိတ်​မိသား​ကောင်​လို
တဆစ်​ဆစ်​နဲ့ ဒဏ်​ရာအနာတရက ​ကြေမွ​နေတယ်​....
အင်း​...ပေါ့​လေ
ဘဝတစ်​ခုကို မီးညှိမိမှ​တော့
တတိတိ လှိုက်​စားအရည်​​ပျော်​သွားမှာပါပဲ​လေ..
မသိတာလည်း...မဟုတ်​တာ​လေ။

ရွှေပန်းချီ(mdy)

No comments:

Post a Comment