Monday, February 19, 2018
ရွှေမန်းမြို့ရဲ့ မင်္ဂလာမော်ကွန်း
#ရွှေမန်းမြို့က..
မင်္ဂလာမော်ကွန်း တင်ပါသည်.......
ထောပဏာ ပြန်လှန်စရာအဆက်က
မနောအလှ ဖန်တရာထပ်လေခဲ့
ပြောစရာ့ အမှန်ပါတစ်ရပ်ဖြင့်
"မန်းမန္တလာ" ဘက်ဆီမှ
ချမ်းမြရာ အတိတ်ဆင်....
အောင်မြေရာတွင်။
"ဗုဒ္ဓသာသနာ" ရောင်ရွှေဝါ
အဖန်ဖန်ခါ လင်းစေဖို့အတွေး
ချစ်ကြည်ရေးနဲ့ ပူးမြှောက်ရာ
ထိုင်းမြန်မာ ပြည်သာရွှင်ပါ့
သံဃာရတနာ ရှင်အပေါင်းနှစ်သောင်းဖြာနဲ့...
သဒ္ဒါကမ်းပါးပြို လှူပုံဆန်းဆင်....
မြင်စမ်းပါ့ ရှင်။
တေဇာတန်ခိုး လန်းကြွယ်ဖြိုးပ
ဘုန်းမျိုးဂုဏ်ဝင့် ရွှေကြာတင့်သို့
"ကျိုင်းနှင့်သိုင်းနှင့် ရွှေထီးဖွင့်"...
တိုသာသနာ တို့ဘာသာထွန်း
ရောင်ဝါတောက်ရွှန်း ဤမြေကျွန်းဝယ်
"ဆွမ်းနှင့်ကွမ်းနှင့် ဆီမီးနှင့်"....
ကြည်ညှိဖွယ်ခင်း မင်္ဂလာကျင်းရယ်
ကောင်းခြင်းပြည့်စုံ မြတ်သောဂုဏ်တို့
အာရုံစိတ်တွင် ပြန်ပြောင်းမြင်ရာ
အရှင် ဒါယကာ နှစ်ဖြာတို့၏
သာသနာရေး ပြန့်ပွားညီသည်...
ပီတီစိမ့်မျှ လှသည်တကား။
ရွှေပန်းချီ(mdy)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment