Monday, February 19, 2018

ရွှေမန်းမြို့ရဲ့ မင်္ဂလာ​မော်​ကွန်း


#​ရွှေမန်းမြို့က..

မင်္ဂလာ​မော်​ကွန်း တင်​ပါသည်​.......

ထောပဏာ ပြန်​လှန်​စရာအဆက်​က
မ​နောအလှ ဖန်​တရာထပ်​​လေခဲ့
ပြောစရာ့ အမှန်​ပါတစ်​ရပ်​ဖြင့်
"မန်းမန္တလာ" ဘက်​ဆီမှ
ချမ်းမြရာ အတိတ်​ဆင်​....
အောင်​​မြေရာတွင်​။

"ဗုဒ္ဓသာသနာ" ​ရောင်​​ရွှေဝါ
အဖန်​ဖန်​ခါ လင်း​စေဖို့အ​တွေး
ချစ်​ကြည်​​ရေးနဲ့ ပူး​မြှောက်​ရာ
ထိုင်းမြန်​မာ ပြည်​သာရွှင်​ပါ့
သံဃာရတနာ ရှင်​အ​ပေါင်းနှစ်​​သောင်းဖြာနဲ့...
သဒ္ဒါကမ်းပါးပြို လှူပုံဆန်းဆင်​....
မြင်​စမ်းပါ့ ရှင်​။

တေဇာတန်​ခိုး လန်းကြွယ်​ဖြိုးပ
ဘုန်းမျိုးဂုဏ်​ဝင့်​ ​ရွှေကြာတင့်​သို့
"ကျိုင်းနှင့်​သိုင်းနှင့်​ ​ရွှေထီးဖွင့်​"...
တိုသာသနာ တို့ဘာသာထွန်း
ရောင်​ဝါ​တောက်​ရွှန်း ဤ​မြေကျွန်းဝယ်
"ဆွမ်းနှင့်​ကွမ်းနှင့်​ ဆီမီးနှင့်​"....

ကြည်​ညှိဖွယ်​ခင်း မင်္ဂလာကျင်းရယ်
ကောင်းခြင်းပြည့်​စုံ မြတ်​​သောဂုဏ်​တို့
အာရုံစိတ်​တွင်​ ပြန်​​ပြောင်းမြင်​ရာ
အရှင်​ ဒါယကာ နှစ်​ဖြာတို့၏
သာသနာ​ရေး ပြန့်​ပွားညီသည်​...
ပီတီစိမ့်​မျှ လှသည်​တကား။
ရွှေပန်းချီ(mdy)

No comments:

Post a Comment