Sunday, March 4, 2018

နွေခ အလွမ်း (2018)


#​နွေခ..အလွမ်း
ချစ်​သူ..
ဥသြတွန်​လို့ ​နွေ​ဦးရောက်​တာလား
နွေဦး​ရောက်​လို့ ဥသြ ငိုရတာလား
သေချာတာက​တော့..
ငါ့ ရင်​အုံတစ်​ခုလုံး ကံ​ကော်​ဖုံးတဲ့
နွေဦး ကို​ရောက်​ခဲ့တာပါပဲ။
ဘယ်​သူမှ ဖန်​ဆင်းခဲ့တာမဟုတ်​ပါဘူး..
ကိုယ်​တိုင်​ ပြုစားကျိန်​ဆိုခဲ့တဲ့
အချစ်​ရဲ့ ပန်းချီကားတချပ်​ကို
ဆေးမခြယ်​ရဲတဲ့ ငါ
မင်းမသိ​တော့အခါမှ
ဒူး​ထောက်​မိခဲ့တယ်​...
ဘာပဲဖြစ်​ဖြစ်​ပါ...ချစ်​သူ
နွေဦး​ရောက်​လို့ ဥသြတွန်​တာလားဆိုရင်​​တော့..
တိတ်​တဆိတ်​ ​ခေါင်းငြိမ့်​​နေလိုက်​မယ်​..
ကံ​ကော်​..သခင်​ရယ်​။

ရွှေပန်းချီmdy
ps.. ​မော်​ဒယ်​ ညီမ​လေးကို ​ကျေးဇူးပါလို့😁😁

No comments:

Post a Comment